တင်းနစ်ကစားခွင့် ပိတ်ပင်ခံရပေမယ့် ဟားဗာတ်ဒ် စီးပွားရေးကျောင်းတက်ရင်း အချိန်ကို အကျိုးရှိရှိ အသုံးချသွားမယ့် ရှာရာပိုဗာ

cl0cevhvyaamnyf.jpg

တားမြစ်မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ၂ နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရနိုင်ခြေရှိပေမယ့် တင်းနစ်ကစားသမား အကျော်အမော် မီရီယာ ရှာရာပိုဗာအနေနဲ့ အချိန်ကို အချည်းနှီးကုန်ဆုံးစေမှာ မဟုတ်ဘဲ ဂုဏ်သတင်းကြီးမားလှတဲ့ ဟားဗာတ်ဒ်စီးပွားရေးကျောင်း Harvard Business School တက်ဖို့ နာမည်စာရင်းပေးသွင်းခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါတင်းစနစ်စူပါစတားက ကျောင်းပရိဝုဏ်အဝင်ဝမှာ ရိုက်ထားတဲ့ သူမဓာတ်ပုံကို twitter နဲ့ facebook ပေါ် ကျန်ခဲ့တဲ့ ရက်သတ္တပတ်က တင်ခဲ့ပါတယ်။ Harvard Business School ဝင်ခွင့်ရဖို့ကိစ္စက အလွန့်အလွန် ခက်ခဲပြီး လျှောက်ထားသူအားလုံးအနက် ၁၁% သာ ရရှိတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဒီကျောင်းဝင်ခွင့်ရရန် သူမအနေနဲ့ ဘယ်လိုအရည်အချင်းမျိုး ပိုင်ဆိုင်ထားဖို့ လိုအပ်လဲဆိုတာ ရှင်းလင်းပေးဖို့ CNN ရဲ့ မေးမြန်းမှုကို ရှာရာပိုဗာရဲ့ ကိုယ်စားလှယ်တွေ ချက်ချင်း တုံ့ပြန်ဖြေကြားမှု မရှိခဲ့ပါဘူး။ ယခင်ကမ္ဘာ့နံပါတ် (၁) နဲ့ ၅ ကြိမ်တိုင်တိုင် grand slam ချိန်ပီယံရရှိခဲ့တဲ့ သူမဟာ ဒေါ်လာ ၁၉၅ မီလျှံ ချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။

ရှာရာပိုဗာကို ဇန်နဝါရီလ Australian Open အတွင်း တားမြစ်ဆေးဝါးစာရင်းထဲ ထည့်သွင်းပါရှိတဲ့ meldonium သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ Court of Arbitration for Sport (CAS) ထံ ရှာလပိုဗာ မေတ္တာရပ်ခံခဲ့ပေမယ့် သူမရဲ့ပိတ်ပင်ခံရမှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက နှလုံးဆေးတွေ သောက်ခဲ့တာပါ။ ဒါကို တားမြစ်ဆေးဝါးစာရင်းထဲ ပါဝင်မှန်းမသိခဲ့ဘူးလို့ ရှာရာပိုဗာက ပြောဆိုပါတယ်။ CAS အနေနဲ့ သူ့ရဲ့ ပြဌာန်းချက်ကို ဇူလိုင် ၁၈ ရက်နေ့မှာ စတင်ကျင့်သုံးဖို့ အလားအလာရှိနေပါတယ်။ ဒါပေမယ့် ယင်းတားမြစ်ပိတ်ပင်မှု အတည်ဖြစ်သွားရင်တောင် ရှာရာပိုဗာအနေနဲ့ တင်းနစ်အားကစားပြီးရင် သူမ စိတ်ဝင်စားတဲ့အရာတစ်ခုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ 

Ref: CNN 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.