သစ်ပင်၊ မြက်ပင်တွေနဲ့ စိမ်းစိုသော ပတ်ဝန်းကျင်ဒေသက ဆယ်ကျော်သက်တွေမှာ ရန်လိုမှုအပြုအမူ လျှော့နည်းစေ

greenery-759_1.jpg

စိမ်းလန်းတဲ့ သစ်ပင်ချုံပင် ပိုများတဲ့ ပတ်ဝန်းကျင်ဒေသမှာ နေထိုင်တဲ့ ဆယ်ကျော်သက်တွေ ရန်လိုတဲ့အပြုအမူ ပိုနည်းကြတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။ University of Southern California (USC) က သုတေသီတွေက အိမ်နီးနားပတ်ပတ်လည်ရှိ စိမ်းစိုနေသော သစ်ပင်ချုံပင်တွေ ရန်လိုတဲ့ အပြုအမူတွေ လျှော့နည်းစေနိုင်ခြင်း ရှိမရှိသိဖို့ရန် မြို့ပြနေ Southern California ဆယ်ကျော်သက်အုပ်တစ်ခုမှာ ပထမဦးဆုံးလေ့လာတစ်ခု မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။

ယင်းအဖွဲ့က အသက် ၉ နှစ်မှ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တွေကို တစိုက်မတ်မတ်လေ့လာခဲ့ကြာပြီး ဆယ်ကျော်သက်တွေရဲ့ ရန်လိုတဲ့အပြုအမူတွေကို ၂ နှစ်ကနေ ၃ နှစ်မှာ တစ်ခါ အကဲဖြတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီလို လေ့လာမှုလုပ်တဲ့အခါ မိဘတွေထံ သူတို့ကလေးတွေ အခြားသူတွေကို ကိုယ်ထိလက်ရောက် ရန်ပြု၊ ခြိမ်းခြောက်တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာ ဒါမှမဟုတ် တခြားရန်လိုတဲ့ အပြုအမူတွေ ပြခဲ့ဖူးတာတွေ ရှိမရှိ မေးမြန်းခဲ့ပါတယ်။ သုတေသီတွေအနေနဲ့ ယင်းဆယ်ကျော်သက်တွေနေထိုင်ရာ အိမ်နီးနားပတ်ဝန်းကျင်မှာ သစ်ပင်၊ ချုံနွယ် စိမ်းစိုမှုအခြေအနေ တိုင်းတာဖို့ နေအိမ်တည်နေရာကို satellite data နဲ့ ချိတ်ဆက်လေ့လာခဲ့ကြပါတယ်။

ယင်းလေ့လာမှုက သစ်ပင်နဲ့ ပိုမိုစိမ်းစိုရာဒေသမှာ နေထိုင်တဲ့ အသက် ၉-၁၈ နှစ်အရွယ်တွေဟာ စိမ်းစိုမှုပိုနည်းတဲ့ ဝန်းကျင်အရပ်မှာ နေထိုင်သူတွေထက် ရန်လိုမှု သိသိသာသာ ပိုနည်းကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီတာ ၁,၀၀၀ အတွင်း သစ်ပင်၊ မြက်ပင်ဖုံးတဲ့ နေရာမှာ အချိန်တို (၁လ- ၆လထိ) နဲ့ ရေရှည် (၁ နှစ် – ၃ နှစ်ထိ) နေထိုင်သွားလာ ထိတွေ့မှုရှိခြင်းက ရန်လိုမှုအပြုအမူ လျှော့နည်းစေကြောင်း သိရပါတယ်။ 

Ref: Indianexpress 

111 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.