ခြစ်မိခံထားရတဲ့ သားရေဆိုဖာထိုင်ခုံတွေ ပြန်လည်ပြုပြင်မွမ်းမံမယ်

leather-sofa-630x350.jpg
အိမ်မွေးတိရိစ္ဆာန်တွေ အထူးသဖြင့် ကြောင်တွေက အကောင်းဆုံးအဖော် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်က ဆိုဖာအတွက်တော့ မဟုတ်ဘူးပေါ့။  ကုတ်ခြစ်ခံထားရတဲ့ ဆိုဖာတွေကို ကြည့်မလှဘဲ ဒီတိုင်းပစ်ထားပြီး ဆိုဖာတစ်ခုလုံးအသစ်လဲမယ့်အစား သားရေကို ပြန်လည်တောက်ပြောင်စေနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ 
 
ခြစ်ရာတွေ ပြင်းထန်မှု ရှိမရှိနဲ့ အတိမ်အနက်ပေါ်မူတည်ပြီး ရလဒ်တွေက ကျေနပ်စရာအဆင့်ကနေ အရမ်းကောင်းမွန်တဲ့အဆင့်ထိ အသီးသီး ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ပုံစံဖြစ်ဖြစ် စမ်းကြည့်ထိုက်ပါတယ်။ 
 
သံလွင်ဆီ၊ ချည်သားပုဝါနဲ့ တိုက်ချွတ်ပါ 
သံလွင်ဆီ အစက်အနည်းငယ်ချပြီး ခြစ်မိတဲ့နေရာတွေကို ဖွဖွလေးနဲ့ အဝိုင်းလိုက်ပုံစံဖြင့် ပွတ်တိုက်ပေးပါ။ ခြစ်ရာတွေ ချက်ချင်းပျောက်ကွယ်သွားမှာ မဟုတ်ပေမယ့် ဖုံးသွားပြီး သားရေကို အသစ်ကဲ့သို့ ချောမွေ့တောက်ပြောင်နေစေပါလိမ့်မယ်။ မလိုအပ်ဘဲကျန်ရှိတဲ့ ဆီအပိုတွေကို တစ်ရှူးနဲ့ သုတ်ပေးပါ။ 
 
Ref:finelivingadvice
 
 
 
49 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.