သင့်ကို တက်ကြွမှုတွေ ပျောက်ဆုံးသွားစေနိုင်တဲ့ နေ့စဉ် အမူအကျင့်များ ( ၂ )

75a9fba0-1f65-0134-91e3-06caa2286297.jpg
ကျွန်ုပ်တို့ဟာ လွတ်လပ်စွာနေထိုင်ရခြင်းကို နှစ်သက်တဲ့ မျိုးဆက်မှာ ကြီးပြင်းလာရသူတွေ ဖြစ်တဲ့အလျောက် ကျွန်ုပ်တို့ရဲ့  နေ့စဉ် ဘ၀နေထိုင်မှု ပုံစံတွေကို တစ်ယောက်ယောက်က ပြုပြင်ပြောင်းလဲဖို့ ပြောလာတဲ့အခါမှာ သဘောမကျကြပါဘူး။ ဆရာလာလုပ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်ုပ်တို့ရဲ့  နေ့စဉ်ဘ၀နေထိုင်မှုတွေထဲမှာ ကျွန်ုပ်တို့ကို ပင်ပန်းနွမ်းနယ်လာစေတဲ့အပြင် အခြား ဆိုးကျိုး သက်ရောက်မှု တွေ ရှိလာစေမယ့် အမူအကျင့်လေးတွေရှိနေပါတယ်။ ဒါကြောင့် ရင့်ကျက်သူတွေ ပီပီ ဘယ်သူမှ ဆရာလာမလုပ်ခင် ပြုပြင်နိုင်ဖို့အတွက် အဲဒီ အမူအကျင့်လေး တွေကို လေ့လာကြည့်ရအောင်။
 
၆။ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းနေခြင်း
သင်ဟာ အလုပ်က အပြန်မှာ အားကစားခန်းမ Gym ကိုသွားပြီး လေ့ကျင့်ခန်းလုပ်မယ်လို့ တွေးထားပါလိမ့်မယ်။ တစ်ကယ့်လက်တွေ့မှာတော့ အားကစားခန်းမ မှာ လေ့ကျင့်ခန်းလုပ်ဖို့တောင် ခွန်အား မရှိတော့လို့ မလုပ်တော့ပါဘူးဆိုပြီး ဆုံးဖြတ်ရပါလိမ့်မယ်။ ဒါပေမယ့် Everyday Health ရဲ့  ဖော်ပြချက်အရတော့ အားကစားခန်းမ(Gym) ကို ရောက်သွားတာနဲ့တင် သင့်ရဲ့  ခွန်အားပမာဏတွေဟာ တိုးပွားလာ နိုင်တယ်လို့ သိရပါတယ်။ နယူးယော့ခ် မြို့မှာရှိတဲ့ ဆရာဝန်ကြီး Robert Gotlin ကလည်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခွန်အားတွေကိုတိုးပွားစေရုံသာမက စိတ်ခံစားမှုလည်း ပိုမို ကောင်းမွန်လာ စေနိုင်တယ် လို့ ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် အားကစားခန်းမကို ရောက်အောင်သာသွားပါ။ စိတ်ကူးနဲ့တင် မပျင်းပါနဲ့။
 
၇။ အိုမီဂါ မှီဝဲမှု ကင်းမဲ့ခြင်း
သင့်အနေနဲ့ ဆယ်လ်မွန်အသား စားဖြစ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်ထဲမှာ စွမ်းအင် အသစ်တွေ ဖြစ်ပေါ်လာတာကို ခံစားမိမှာပါ။ Health ရဲ့  ဖော်ပြချက်အရ အိုမီဂါ-၃ Fatty အက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းဟာ ခွန်အားတွေကို တိုးပွားလာစေနိုင်တယ်လို့ သိရပါတယ်။ အိုမီဂါ ဓါတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန် ၊ သစ်ကြားသီး ၊ ဂုံး ၊ ပဲစေ့ ၊ ဟင်းနုနွယ် အစရှိတာတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် နေ့လည်စာ အတွက် ရွေးချယ်တော့မယ်ဆိုရင် အိုမီဂါ ဓါတ်ပါဝင်အောင် ရွေးချယ်လိုက်ပါ။
 
၈။ တစ်နေလုံး ပုံသေ ထိုင် နေခြင်း
အလုပ်ထဲမှာ တစ်နေ့လုံး အလုပ်စားပွဲရှေ့မှာ လှုပ်မရအောင် ထိုင်နေရတာဟာ ပျင်းဖို့ကောင်းပါတယ်။ ဒါ့အပြင် အဲဒီလို ထိုင်နေခြင်းဟာ သင့်ရဲ့  ခွန်အားတွေကိုလည်း ကုန်ဆုံးသွားစေနိုင်ပါတယ်။ အဲဒီလို ထိုင်ခုံပေါ်မှာ အချိန်ကြာရှည်စွာ ထိုင်နေရခြင်းဟာ မောပန်းနွမ်းနယ် စေတယ်လို့ Fitness က ဖော်ပြခဲ့ဖူးပါတယ်။ အဲကွန်းကောင်းလို့ အရမ်းအေးတဲ့ ရုံးခန်းတွေအတွက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ အရမ်းအေးတဲ့ ရုံးခန်းအတွင်း တစ်နေကုန်ထိုင်နေရခြင်းဟာ သင့်ရဲ့  ခန္ဓကိုယ် အပူချိန်ကို ကျဆင်းသွားစေပြီး သင့်ကို အိပ်ချင်စိတ် ဖြစ်လာစေပါတယ်။ အဲဒါကို ရင်ဆိုင်ဖို့အတွက်တော့ အရင်ဆုံး ထိုင်ရာက ထလိုက်ပါ။ ပြီးရင်တော့ လမ်းလျှောက်တာပဲဖြစ်ဖြစ် ၊ လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ဖြစ် ပြုလုပ်လိုက်ပါ။ နေ့စဉ် လုပ်ငန်းခွင်မှာ အဲဒီလိုမျိုး မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။
 
၉။ အပြုံးအရယ် မရှိခြင်း 
သင်ဟာ အထက်တန်းကျောင်းမှာကတည်းက မာနကြီးခဲ့ပေမယ့် အခုချိန်မှာတော့ ရယ်ရယ်မောမော နေထိုင်သင့်နေပါပြီ။ ရယ်မောခြင်းဟာ သင့်ကို ခွန်အားတွေဖြစ်လာစေတယ်လို့ Health က ဖော်ပြခဲ့ဖူးပါတယ်။ သင့်အနေနဲ့ ရယ်စရာ တစ်ခုခု ရှာဖွေဖို့ တွန့်ဆုတ်မနေနပါတယ်။ Laughter ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ စာရေးဆရာ Robert R. Provine ကလည်း ရယ်မောခြင်းဟာ ကျွန်ုပ်တို့ရဲ့  သွေးဖိအားတွေနဲ့အတူ နှလုံးခုန်နှုန်းတွေကို ပိုမို ဖြစ်ပေါ် လာစေတဲ့အတွက် နုံးချိနေတဲ့ စိတ်ခံစားချက်ကနေ လွတ်မြောက်စေ နိုင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။
 
၁၀။ ကျပ်ကျပ်ထုတ်ထုတ် အ၀တ်အစား များဝတ်ဆင်ခြင်း
ကျွန်ုပ်တို့ရဲ့  အ၀တ်အစား ရွေးချယ်မှုက ကျွန်ုပ်တို့ရဲ့  ခွန်အား ဖြစ်တည်မှုနဲ့ ပတ်သက်နေမယ်လို့ ဘယ်သူမှထင်ထားမှာ မဟုတ်ပါဘူး။ တစ်ကယ်လို့များ ကျွန်ုပ်တို့ဟာ အလွန်ကျပ်တဲ့ အ၀တ်အစားတွေကို ၀တ်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့  ခွန်အားပမာဏ တွေ လျော့နည်းလာလိမ့်မယ်လို့ Psychology Today ဆိုတဲ့ သတင်းဌာနက ဖော်ပြဖူးပါတယ်။ ကျပ်တဲ့ အ၀တ်အစားတွေဟာ ကျွန်ုပ်တို့ရဲ့  အသက်ရှုလမ်းကြောင်းကို နှေးကွေးသွားအောင် တားမြစ်မှုတွေ ပြုလုပ်ထားပါတယ်။ အဲဒီတော့ ကျွနိုပ်တို့ရဲ့  ဦးနှောက်နဲ့ ကြွက်သားတွေကို ထောက်ပံ့ပေးမယ့် အောက်စီဂျင် ရရှိမှု ပမာဏလည်း လျော့နည်းသွားပါတယ်။ ရလဒ်အနေနဲပကတော့ ကျွန်ုပ်တို့ဟာ သာမန်ထက် ပိုပြီး ပင်ပန်းတယ်လို့ ခံစားလာရတာပဲ ဖြစ်ပါတယ်။
 
Ref:bustle
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.