“YInMn” လို့ အမည်ပေးထားတဲ့ အရောင်အမျိုးအစား သစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

new-blue-color-oregon-.jpg
လူတွေ ဟာ ဒီအရောင် အသစ် တစ်မျိုးကို ဘာလို့ သဘောကျကြတာလည်းဆိုတာ မထူးဆန်း တော့ပါဘူး။ ကြည့်လိုက်မှ အရမ်းလှတဲ့ အရောင်မှန်းသိသာသွားရပါတယ်။ အဲဒီအရောင်ကိုတော့ “YInMn” လို့ အမည်ပေးပြီး အပြာရောင် အရောင်ကွဲ တစ်မျိုးလည်းဖြစ်ပါတယ်။ ဒီအရောင်အသစ် “YInMn” ကိုတော့ Oregon ပြည်နယ်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Mas Subramanian က အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
 
သူဟာ လျှပ်စစ်ပစ္စည်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းအသစ်တွေကို ဖန်တီးနိုင်ဖို့ အမြဲကြိုးစားနေခဲ့သူလည်းဖြစ်ပါတယ်။ ပရော်ဖက်ဆာဟာ အနက်ရောင်ရှိတဲ့ မဂ္ဂနီဆီအောက်ဆိုဒ် တွေကို အခြား ဓါတုပစ္စည်းပေါင်းစပ်ထားမှုတစ်ခုနဲ့ ရောစပ်လိုက်ပါတယ်။ ပြီးတဲ့နောက် အဲဒီရောစပ် ထားမှုကို ၂၀၀၀ ဒီဂရီ ဖာရင်ဟိုက်မှာ အပူပေးလိုက်တဲ့နောက်မှာ အဆိုပါ အရောင် အသစ် ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
 
အဲဒီလို ရှာဖွေတွေ့ရှိခဲ့တာကတော့ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပေမယ့်လည်း အခုမှ အဲဒီကာလာ အသစ်နဲ့ ပတ်သက်ပြီး တရားဝင် သတင်းတွေထွက်ပေါ်လာတာဖြစ်သလို ဒီနှစ်အတွင်းမှာပဲ တရားဝင် ကြေညာသွားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့်မကြာခင်မှာပဲ ပန်းချီ ပညာရှင်တွေ ၊ ကုန်ထုတ် လုပ်ငန်း ရှင် တွေဟာ အံ့ဖွယ် အပြာရောင် တစ်မျိုးကို အရောင်အမျိုးအစား သစ်တစ်ခုအဖြစ် ထုတ်လုပ် အသုံးပြုနိုင်တော့မှာပါ။
 
ပရော်ဖက်ဆာ Subramanian က ထိုအရောင်အမျိုးအစား အသစ် တွေ့ရှိမှုအတွက် သတင်း ထုတ်ပြန်ချက် ထဲမှာ “YInMn” ကို “မုတ်ဆိတ်ပျားစွဲပြီး လက်တွေ့ဆန်စွာနဲ့ ပျော်စရာကောင်းတဲ့ အမှတ်မထင် တွေ့ရှိမှုတစ်ခု” လို့ဆိုထားပါသေးတယ်။ အဲဒီ “YInMn” အရောင်ဖြစ်လာဖို့ အခြေခံခရစ်စတယ်လ် တည်ဆောက်ပုံမှာ သုံးထားတဲ့ အရောင်ဓါတ် တွေဟာ အရင်ကတည်းကလည်း တည်ရှိပြီးသား အရောင်ဓါတ်တွေဖြစ်ပေမယ့် မည်သူ တစ်ဦးတစ်ယောက်ကမှ အဲဒီ အရောင်ဓါတ်တွေကို စီးပွားဖြစ် အသုံးမပြုခဲ့ဖူးပါဘူး။ 
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.