လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက် ဘယ်လိုရှိသလဲ သိချင်ရင် ဒီမေးခွန်းလေးတစ်ခုသာ မေးကြည့်ဖို့လို

character.jpg

အလုပ်ခွင်မှာ လူတစ်ယောက်ကို အင်တာဗျူးကြည့်တဲ့အခါ၊ ဒါမှမဟုတ် လူတစ်ယောက်နဲ့ ပထမဆုံးအပြင်မှာ ချိန်းတွေ့တဲ့အခါ သူ့အခြေအနေ စိတ်နေစိတ်ထား ဘယ်လိုရှိပါလိမ့်ဆိုပြီး သိချင်တတ်ကြပါတယ်။ တစ်ဖက်လူက ဘယ်လိုလူမျိုး ဖြစ်သလဲဆိုတာကို သိဖို့ သင့်ဘက်က မေးခွန်းတစ်ခု မေးကြည့်ဖို့သာလိုပါတယ်။

သင်သူ့ကို မေးကြည့်ရမှာက "လူအများစုက ရိုးသားကြတယ်လို့ သင်ထင်သလားဆိုတာပါပဲ"။ ဥပမာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ စိတ်ထားဘယ်လိုရှိတယ်ဆိုတာ သိချင်ရင် သူနဲ့တွေ့တဲ့အခါ အခြားဝန်ထမ်းတွေက ရိုးသားမှုရှိတယ်လို့ ထင်သလားဆိုတာမျိုး သူ့ကိုမေးပြီး သူပြန်ဖြေတာကို စောင့်လိုက်ပါ။ သူဖြေတဲ့အဖြေကိုကြည့်ပြီး သူဘယ်လိုလူဆိုတာ သင်ခန့်မှန်းနိုင်ပါပြီ။ 

Wake Forest တက္ကသိုလ်က ပရော်ဖက်ဆာ Dustin Wood ရဲ့လေ့လာတွေ့ရှိချက်အရတော့ လူတစ်ယောက်ဟာ တခြားလူတွေအပေါ် အကောင်းဘယ်လောက်မြင်ပေးတတ်သလဲဆိုတာပေါ် မူတည်ပြီး သူဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူလား၊ ကြင်နာသနားတတ်သူလား၊ စိတ်အခြေအနေ တည်ငြိမ်သူလားဆိုတာ သိနိုင်ပါတယ်တဲ့။ လူတစ်ယောက်ရဲ့အမြင်လက်ခံမှုတွေဟာ သူ့ရဲ့ စိတ်နေစိတ်ထားကိုပါ ထင်ဟပ်သွားစေပါတယ်။ 

ဒီတော့ လူတစ်ယောက်ဟာ အကောင်းမြင်တတ်သူလား၊ အဆိုးမြင်တတ်သူလားဆိုတာ မေးခွန်းတစ်ခုတည်းနဲ့ သိသွားစေပါလိမ့်မယ်။ 

Ref:yourtango

 

 

 

 

 

 

174 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.