အံ့မခန်းရှိလှသော စွမ်းဆောင်မှုမျိုး ပြင်သစ်ပြသနိုင်ခဲ့ပြီဟု ရစ်ဘာရီဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောကြားလာ

news_b.jpg

ဥရောပဇုန် Play-off ပထမအကျော့တွင် ယူကရိန်းအား နှစ်ဂိုးပြတ်ရှုံးခဲ့သော ပြင်သစ်အသင်းအား အိမ်ကွင်း တွင် မည်သည့်နည်းနှင့်မျှ (၃)ဂိုးပြတ်ပြန်မသွင်းနိုင်ဟု အထင်ရှိခဲ့ကြသော်လည်း ယနေ့နံနက်အစောပိုင်းက ပဲရစ်မြို့ရှိ Stade de France ကွင်းအတွင်း ပြသသွားခဲ့သော ပြင်သစ်လက်ရွေးစင်အသင်း၏ စွမ်းဆောင်မှုများမျာ အံ့မခန်း ရှိလှကြောင်း ပြင်သစ်တောင်ပံကစားသမား ဖရန့်ရစ်ဘာရီက ပြောကြားလိုက်သည်။ ထိုပွဲစဉ်တွင် ပြင်သစ်အ တွက် အဖွင့်ဂိုးကို နောက်ခံလူ မာမက်ဒူဆာခိုက (၂၂)မိနစ်တွင် သွင်းပေးခဲ့ပြီးနောက် (၃၄)မိနစ်တွင် ရီးရဲလ် တိုက်စစ်မှူး ကာရင်ဘန်ဇီးမားက ဒုတိယဂိုးသွင်းခဲ့သဖြင့် နှစ်ကျော့ပေါင်း (၂-၂)ဂိုးသရေဖြစ်နေခဲ့ရာ အလွန် ပင် စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ခဲ့သည်။ ဒုတိယပိုင်းအချိန်အတော်ကြာသည်အထိ တစ်ဖက်နှင့်တစ်ဖက်ဂိုးမ သွင်းနိုင်ခဲ့ကြဘဲ (၇၂)မိနစ်ရောက်မှ ပြင်သစ်၏တိုက်စစ်ဒဏ်ကြောင့် ယူကရိန်းမှ အိုလက်ဂူဆက်က ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိသွားခဲ့ကာ (၃)ဂိုးပြတ်နိုင်သွားခဲ့ခြင်းဖြစ်သည်။

“အရမ်းကို လှပပြီး မယုံနိုင်စရာလည်းကောင်းတယ်ဗျာ။ အံ့မခန်းဖြစ်ရပ်တစ်ခုပေါ်ပေါက်တော့မယ်ဆိုတာ အား လုံးတဖြည်းဖြည်းရိပ်စားလာမိခဲ့ကြတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့နဲ့တစ်သားတည်း ရှိနေခဲ့ကြတယ်။ ဒီကွင်းကြီးမှာ ဒီလိုအားပေးမှုမျိုးမရတာ ကြာခဲ့ပြီလေဗျာ။ ကျွန်တော်တို့အသင်းသားအားလုံး ကိုယ့်ကလပ်အ သင်းတွေဆီကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သူများအဖြစ် ပြန်ကြရမှာကို အရမ်းပျော်နေကြပါတယ်။ ဘရာ ဇီးလ်ကိုသာ သွားခွင့်မရခဲ့ရင် အားလုံးအတွက် ခက်ခဲခဲ့မှာ သေချာပါတယ်။ ဒါပေမယ့် ပြင်သစ်တွေက သတ္တိ၊ လုံ့လ၊၀ိရိယတွေကို ပြနိုင်ခဲ့ပါပြီ”ဟု ရစ်ဘာရီက ပြောသွားခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.