နေကာမျက်မှန်ဝယ်တဲ့အခါ အမျိုးသမီးတိုင်းလိုလို မှားယွင်းနေတဲ့အချက်

buying_sunglasses_mistake.jpg

အမျိုးသမီးတွေအတွက် ဖက်ရှင်က အရေးပါသလို အဲ့ဒီဖက်ရှင်ကို အထောက်အကူပြုပေးနေတဲ့ အရာတွေကလည်း တကယ့်ကို အရေးပါနေပြန်ပါတယ်။ ဘယ်လိုအရာမျိုးတွေလဲ။ အထူးသဖြင့် အဆင်တန်ဆာလည်း ဖြစ်သလို ကျန်းမာရေးအတွက်ပါ အရေးပါတဲ့ နေကာမျက်မှန် လိုမျိုးပေါ့။ အပြင်ထွက်မယ်ဆို သူမပါရင် မပြီးပါဘူး။  

အပြင်မကြာခဏ ထွက်တတ်သူဆိုရင် အထူးကောင်းမွန်တဲ့ နေကာမျက်မှန်တစ်လက်လောက်ကတော့ မရှိမဖြစ်ပဲလေ။ ယနေ့မျက်မှောက်ခေတ်မှာ ရွေးချယ်စရာ အမျိုးအစားများစွာ ရှိပါတယ်။ စတိုင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ မှန်အမျိုးအစားစုံစုံလင်လင် ရှိပါတယ်။ ဒါပေမယ့် နေကာမျက်မှန်သွားရောက် မဝယ်ယူမီ သိထားရမယ့်အချက် ရှိပါတယ်။

နေကာမျက်မှန်ဝယ်တဲ့အခါ တခြားသူတွေလို အမှားမျိုး မလုပ်မိအောင် သတိထားပါ။ အဲ့ဒါကဘာလဲဆိုောတ့ ကိုယ်လိုချင်တဲ့ မျက်မှန်လေးမှာ ရောင်ခြည်ဖြာထွက်မှု ထိန်းချုပ်ပေးနိုင်၊ မပေးနိုင် စစ်ဆေးဖို့ ကျွန်ုပ်တို့အများစု မေ့နေတတ်ကြပါတယ်။ ဆိုလိုတာက အလင်းရောင်ဖြာထွက်မှု တားဆီးပေးတဲ့ နေကာမျက်မှန်တွေမှာ ရောင်ပြန်ဟပ်အလင်းတွေ ဟန့်တားပေးတဲ့ အထူးအလင်းစစ်ထုတ်ကိရိယာတစ်ခု ပါဝင်ပါတယ်။ စူးရှတောက်ပတဲ့အလင်း၊ မှိန်ဖျော့ဖေျာ့အလင်းတွေ လျှော့ချပြီး ကျွန်ုပ်တို့ရဲ့ ထိလွယ်ရှလွယ်တဲ့ မျက်စိကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။

ဒီတော့ ဒီတစ်ခါမျက်မှန်ဝယ်ရင် ဒီအချက်ကလေးကို သေချာစမ်းသပ်ပြီးမှ ၀ယ်ဖို့ မမေ့ပါနဲ့။

Ref: shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.