HIV ရောဂါကူးစက်ခံရမှု ရှိမရှိ သိနိုင်တဲ့ လက္ခဏာများ

1460553371_hiv.jpg

HIV ရောဂါအတွက် ကုထုံးမရှိသေးပေမယ့် ဒီရောဂါလက္ခဏာကို စောစီးစွာ သိရှိခြင်းက အသက်ပိုရှည်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါ့ကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ သိထားသင့်တဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမြဲတမ်း အားအင်ကုန်ခန်းနေခြင်း

အမြဲအားအင်ကုန်ခန်းခြင်းနဲ့ ကိုယ်ပူအဖျားတက်ခြင်းက စစ်ဆေးသင့်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ HIV ရောဂါကူးစက်ခံရပြီလို့ အမြဲမဆိုလိုပေမယ့် သတိမထားလို့ လုံးဝမရပါဘူး။ လည်ချောင်းနာကျင်မှု၊ အရည်ကြည်ထုတ်အင်္ဂါနာကျင်မှု၊ အဆစ်အမြစ်အားနည်းခြင်းတို့နဲ့ ဒွန်တွဲလာတဲ့အခါ စစ်ဆေးမှုခံယူသင့်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

၂။ Candida yeast ရောဂါကူးစက်မှု

ပါးစပ်ထဲမှာ တွေ့ရတဲ့ အဖြစ်များဆုံး မှိုတစ်မျိုးဖြစ်ပါတယ်။ အဲဒါက အစားအစာနဲ့ ရေ မျိုချရ ခက်ခဲစေပါတယ်။ အချက်ပြ အလံနီတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ချက်ချင်းပင် စစ်ဆေးမှု ခံယူပါ။

၃။ အရေပြားအနီဖုထခြင်း

HIV က ကိုယ်ခံအား လျော့နည်းစေကာ အရေပြားအနီပိမ့်ထမှု အလွယ်တကူဖြစ်ပွားစေပါတယ်။ ပြင်းထန်တဲ့ အရေပြားကျိန်းစပ်ခြင်းနဲ့ ပူစပ်မှုရှိပါက မဖြစ်မနေ စစ်ဆေးမှုခံယူပါ။

၎။ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်း

ခဏတဖြုတ် ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အော့အန်ခြင်းတွေက အဖြစ်များဆုံး အစောပိုင်း HIV လက္ခဏာတွေဖြစ်ပါတယ်။ ကိုယ်အလေးချိန်အတက်အကျနဲ့ အားအင်ချိနဲ့မှုတွေက နီးကပ်စွာ ဆက်စပ်လျက်ရှိပြီး အချက်ပြအလှံနီတွေလို့လည်း မှတ်ယူနိုင်ပါတယ်။

၅။ ချောင်းဆိုးခြင်း

ချောင်းဆိုးခြင်းက အတွေ့များဆုံး HIV ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ ဓာတ်မတည့်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ပင်ပန်းနွမ်းလျခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတွေ ကြုံရပါက ဆရာနဲ့ စစ်ဆေးမှု ချက်ချင်းပြုလုပ်ပါ။ 

Ref: Likes 

648 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.