ကျန်းမာရေးကို ပိုပြီးဂရုစိုက်သင့်ပြီဆိုတာကို ပြနေတဲ့လက္ခဏာများ

2_www_bicycling_com_1466772101.jpg
တခါတလေမှာ ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေကို ပြတဲ့လက္ခဏာတွေက ညင်သာလွန်းနေတတ်ပါတယ်။ ဆိုလိုတာက သိသာတဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ဘဲ လျစ်လျူရှုမိသွားတတ်တဲ့ လက္ခဏာမျိုးတွေ ဖြစ်တတ်တာကို ပြောတာပါ။ ဒီလို လက္ခဏာတွေပြတဲ့ အချိန်မှာ သတိမူပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လိုက်မယ်ဆိုရင် အပ်နဲ့ ထွင်းရဖို့လိုတဲ့ အရာကို အပ်နဲ့ထွင်းရုံနဲ့ ပြီးသွားမှာပဲ ဖြစ်ပါတယ်။ လာမယ့်ဘေးမှ ပြေးတွေ့လို့လွယ်ကူတဲ့ ကိစ္စထဲမှာ ကျန်းမာရေးမပါဘူး။ ရင်းထားရတာက အစားပြန်မရနိုင်တဲ့ အသက်တစ်ချောင်းဖြစ်လို့ပါ။ ဒါကြောင့် လျစ်လျူရှုမထားသင့်တဲ့ ကနဦးလက္ခဏာတွေကို သိထားသင့်လို့ ပြောပြပေးချင်ပါတယ်။
 
 ၈ နာရီအပြည့်အိပ်တာတောင် ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရပါသလား။
အိပ်ယာထဲက မထချင်လောက်အောင် နုံးချိနေသလို ခံစားနေရပါသလား။ ဒါဆိုရင် သင်စားနေတဲ့အစားအစာတွေကို ပြန်စစ်ဆေးဖို့လိုပါတယ်။ အစားအသောက်ပုံစံမမှန်တာကြောင့် အဆီများတဲ့အစားအစာတွေ စားဖြစ်ပြီး အဆိပ်တက်လာတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို အမြန်ဆုံးဖယ်ရှားဖို့လိုနေပါပြီ။
 
အရေပြားပေါ်မှာ အနီကွက်တွေ၊ ဝက်ခြံတွေ၊ အရေပြားခြောက်သွေ့နေတာတွေ ဖြစ်နေပြီဆိုရင်တော့
ဟော်မုန်းမညီမျှတဲ့ လက္ခဏာဖြစ်ပြီး ရေဓာတ်ဖြည့်ဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာကို ပြတာ ဖြစ်ပါတယ်။
 
နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး အဖတ်တွေဖြစ်နေရင်တော့
ဗီတာမင် ဘီချို့တဲ့တာကို ပြတာဖြစ်နိုင်သလို ရေဓာတ်နည်းနေပြီဆိုတာကို ပြတာလည်းဖြစ်ပါတယ်။ သွေးအားနည်းရောဂါလည်းဖြစ်နိုင်တဲ့အတွက် နို့ထွက် ပစ္စည်းတွေနဲ့ ပဲများများစားပေးပြီး ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေဖြစ်ပါတယ်။
 
ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာကလည်း
ကျန်းမာရေးပြဿနာတစ်ခုခုရှိတာကို ပြတာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်နိုင်တာက သွေးထဲက ကော်တီစော ပမာဏ မြင့်တက်ပြီး ကိုယ်တွင်း အင်္ဂါတွေရဲ့ လုပ်ဆောင်ပုံတွေမှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေ၊ ထောပတ်သီးနဲ့ အမည်းရောင် ချောကလက်တွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးနိုင်ပါတယ်။
 
အိပ်ပျော်နေတုန်းဟောက်တတ်မယ်ဆိုရင်တော့ နှလုံးရောဂါနဲ့ ဆက်စပ်နေပါတယ်။
ဟောက်တတ်တဲ့သူတွေက သွေးထဲမှာ အောက်ဆီဂျင်ပမာဏ နည်းသွားစေတာမျိုးလို ပြင်းထန်တဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ရတာပါ။ အိပ်ယာမဝင်ခင် လက်ဖက်စိမ်းဖျော်ရည်တစ်ခွက်သောက်ပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသလို သွေးတွင်းအောက်ဆီဂျင်ဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။
 
အလွယ်တကူ အနာတရဖြစ်တတ်လာပြီဆိုရင်
ဗီတာမင် ကေ၊ စီနဲ့ ဇင့်ဓာတ်အားနည်းနေလို့ ဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ အရိုးရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင် ပြည့်ဝစေမယ့် အစားအစာတွေစားပေပြီး ဆက်ပြီး အနာတရဖြစ်လွယ်နေသေးရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
 
အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ် မညီမျှရင်
စိတ်ပူပင်မှုတွေ ပိုဖြစ်တတ်ပါတယ်တဲ့။ သိုင်းရွုက်ဟော်မုန်း လုံလုံလောက်လောက် ထုတ်မပေးနိုင်ရင်လည်း စိတ်ပူပင်မှုကို ဖြစ်စေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
 
Ref:indiatimes
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.