ယောက်ျားလေးတွေ သိပ်သဘောကျမိတဲ့ မိန်းကလေးတွေရဲ့ အပြုအမူ (၆) ခု

happy_couple_cute.jpg

မိန်းကလေးဆိုတာ ယောက်ျားတစ်ယောက် ရရှိနိုင်တဲ့ အံ့သြစရာအကောင်းဆုံး လက်ဆောင်ပါပဲ။ သူမက သင့်ကို ဂရုစိုက်၊ ချစ်ခင်သလို စိတ်အနှောင့်အယှက်ပေးဆုံးကလည်း သူမပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်မှာ ယောက်ျားလေးအတွက် တကယ်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူများစွာ ရှိပါတယ်။ သူ့ကို အဆက်မပြတ် ဖုန်းခေါ်ဆိုတာ၊ တစ်ခုခုလုပ်နေတုန်း ကလေးလို ပြုမူတာ၊ selfie ရိုက်၊ ပုံတွေကြည့်ရှုပြီး ပြန်ဖျက်တာ၊ နောက် အဲဒီအတိုင်း ပြန်ပြန်လုပ်တာ၊ ဈေးဝယ်ဖို့ အချိန်များစွာ ကုန်ဆုံးစေခြင်းစတဲ့ အပြုအမူတွေက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာ အကောင်းဆုံးအချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေ အရမ်းသဘောကျမိတဲ့ အမျိုးသမီးများရဲ့ အပြုအမူတချို့ရှိနေပါတယ်။ အဲ့ဒီအပြုအမူတွေကတော့ 

၁။ ရင်ခွင်ထဲ ခေါင်းကို အတင်းထိုးအပ်ခြင်း

မိန်းမလေးက ခေါင်းနဲ့ ရင်ခွင်ထဲ တိုးဝင်တဲ့အခါ အမျိုးသားတွေ သိပ်သဘောကျကြပါတယ်။ နောက် ငါ သူ့ကို စိတ်လုံခြုံမှုပေးနေတဲ့ယောက်ျားပါလားဆိုတဲ့ ခံစားချက်ရှိကြပါတယ်။

၂။ ကြင်နာစွာ ထွေးပိုက်ခြင်း

ယောက်ျားလေးတွေအနေနဲ့ အဲဒီကြင်နာစွာထွေးပိုက်ခြင်းကို အချစ်၊ သံယောဇဉ်ကိုဖော်ပြခြင်းတစ်မျိုးလို့ ခံစားပြီး လက်တွဲဖော်ဆီက ထိတွေ့မှု လိုအပ်ကြပါတယ်။

၃။ ဖေ့စ်ဘွတ်ပေါ် အမွမ်းတင်ခြင်း

ဒါ ရှင်းပါတယ်။ လူတွေ ချီးမွမ်းလာရင် ယောက်ျားလေးတွေ သိပ်သဘောကျပါတယ်။

၎။ စကားကို အာရုံစူးစိုက်နားထောင်ခြင်း

ဒါက သူ့ကို ချစ်ကို ခံစားစေပါတယ်။

၅။ SMS ပေးပို့ခြင်း/ သူငယ်ချင်းနဲ့ တွေ့ဆုံစဉ် ဖုန်းခေါ်ဆိုခြင်း

တခြားကိစ္စတစ်ခုခုနဲ့ အလုပ်များတဲ့အချိန်မှာတောင် သင် သူ့အကြောင်း စဉ်းစားနေတယ်ဆိုတာ သူသိအောင်လုပ်တဲ့အခါ ယောက်ျားဘက်က ပြောမပြနိုင်လောက်အောင် ပျော်ရွှင်နေတာပါ။

၆။ သူ့အချစ်ကို အများရှေ့မှာ ဖော်ထုတ်ခြင်း

သူကို အရင်တွေ့တဲ့အခါ၊ checkout ကောင်တာမှာ တန်းစီရင်း သူ့ကို လက်တွဲထားတဲ့အခါ၊ သူ့ဆံပင်ကို သပ်တင်ပေးတဲ့အခါ ဒီအပြုအမူတွေက သူ့နှာလုံးခုန်နှုန်း ပိုမြန်စေပါတယ်။

Ref: Keepyourbody 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.