ယနေ့နံနက် အစောပိုင်းက ကစားသွားခဲ့သော အဆုံးအဖြတ် Play-off ပွဲစဉ်ဒုတိယအကျော့ပွဲစဉ်များပြီးဆုံး သွားခဲ့ပြီဖြစ်ရာ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့်အသင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ် သည်။ ထိုပွဲများအနက်မှ ပရိသတ်စိတ်ဝင်စားမှုအမြင့်မားဆုံးပွဲဖြစ်သော ဆွီဒင်နှင့် ပေါ်တူဂီတို့၏ပွဲမှာ တစ်ဖက်နှင့်တစ် ဖက် ဂိုးများအပြိုင်သွင်းခဲ့ကြရာ အလွန်ကြည့်ကောင်းသောပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပေါ်တူဂီက ၂-၃ ဂိုးဖြင့် အဝေးကွင်းနိုင် ပွဲရရှိခဲ့သဖြင့် နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ထိုပွဲ တွင် ပထမအကျော့၏ တစ်လုံးတည်းသောအနိုင်ဂိုးရှင် စီရော်နယ်လ်ဒိုက မိနစ်(၅၀)တွင် ဂျာအိုမော်တင်ဟို၏ဖန် တီးပေးမှုမှတဆင့် အဖွင့်ဂိုးသွင်းခဲ့သော်လည်း အိမ်ရှင်ဆွီဒင်၏အကောင်းဆုံးကစားသမား ဇလေတန်အီဗရာဟီမို ဗစ်ခ်ျက (၆၈)၊ (၇၂)မိနစ်များတွင် နှစ်ဂိုးဆက်ပြန်သွင်းသဖြင့် အိမ်ရှင်က ပြန်လည်ဦးဆောင်နေခဲ့သည်။ သို့သော် လည်း စီရော်နယ်လ်ဒိုက ယုံနိုင်ဖွယ်ရာမရှိသော လျှင်မြန်မှု၊ တိကျသပ်ရပ်မှုများဖြင့် (၇၇)၊ (၇၉)မိနစ်များတွင် နှစ် ဂိုးဆက်တိုက်သွင်းယူကာ ဟတ်ထရစ်ရသွားခဲ့ပြီး ပွဲအပြီးတွင် ဧည့်သည်ပေါ်တူဂီအသင်းက (၂-၃)ဂိုးဖြင့်အနိုင်ရခဲ့ ခြင်းဖြစ်သည်။
ထိုပွဲတွင် (၃)ဂိုးသွင်းနိုင်ခဲ့သော စီရော်နယလ်ဒိုမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွင်းဂိုးစုစုပေါင်းမှာ (၄၇)ဂိုးပြည့်သွားခဲ့သဖြင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် ထာဝရဂိုးသွင်းစံချိန်ရှင်အဖြစ် (၄၇)ဂိုးနှင့် မှတ် တမ်းရေးထိုးထားခဲ့သော ပေါ်လက်တာ၏စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ ပေါ်တူဂီအတွက် (၁၀၉)ပွဲကစား ပြီး (၄၇)ဂိုးသွင်းထားနိုင်သော စီရော်နယ်လ်ဒိုမှာ အူဆီဘီယို(၃၂)ဂိုး၊ ဖီဂို(၂၉)ဂိုး၊ နူနိုဂိုးမက်ဇ်(၂၇)ဂိုး၊ ရူအီကော်စ တာ(၂၆)ဂိုးအစရှိသည့်စံချိန်များကို အသီးသီးကျော်ဖြတ်ပြခဲ့ပြီးနောက် ယခုပေါ်လက်တာ၏(၄၇)ဂိုးစံချိန်ကိုမီ သွားခဲ့ပြီဖြစ်သည်။ ရော်နယ်လ်ဒိုအနေဖြင့် ပေါ်တူဂီလက်ရွေးစင်အသင်း၏ ထာဝရဂိုးသွင်းအများဆုံးဘောလုံး သမားဖြစ်လာရန် သေချာနေပြီဖြစ်သလို မိမိအသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင် ပြခဲ့မှုများကြောင့် ၂၀၁၃ ဖီဖာရွှေဘောလုံးဆုကို ရယူရန်အတွက် အချက်ပေးခေါင်းလောင်းခေါက်လိုက်သလို ရှိနေပါတော့သည်။