နှစ် (၂၀) ကြာ လိုက်လံရှာဖွေပြီးနောက် မာဖီးယားဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိ

mafia-boss-captured-after-20-year-manhunt.jpg

အီတလီနိုင်ငံရဲ့ အလိုရှိဆုံး မာဖီးယားအကြီးအကဲတွေထဲက တစ်ဦးကို အီတလီနိုင်ငံ ကျောက်ဆောင် ကျောက်ကမ်းပါးပေါများတဲ့ ကလဘရီးယမ်းတောင်ကြားရှိ လူသူအရောက်ပေါက်နည်းပါးတဲ့ တစ်ထပ်တိုက်အိမ်တစ်ခုထဲ သူ့ချစ်သူဘေးမှာ အိပ်နေစဉ် ဖမ်းဆီးခံခဲ့ကြောင်း အီတလီရဲတပ်ဖွဲ့က ဆိုပါတယ်။ အသက် ၄၆ နှစ်အရွယ် Ernesto Fazzalari ကို လူသတ်မှုအတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်လိုခြင်းကြောင့် ခုလို ဖမ်းဆီးထားခြင်း ဖြစ်ပါတယ်။

ဥရောပကိုကင်းကုန်သွယ်မှုများစွာရဲ့ နောက်ကွယ်မှာ ရှိနေသူလို့ ယူဆထားတဲ့ အီတလီရဲ့အင်အားအကြီးဆုံး မာဖီးယားဂိုဏ်များထဲက တစ်ခုဖြစ်တဲ့ Ndrangheta မှာ Fazzalari ဟာ အဓိကဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ရာဇဝတ်မှု ပြေးမလွှတ်ဘူးဆိုတာ ဒီအချက်က ပြသနေကြောင်း အတွင်းရေးဝန်ကြီး Angelino Alfano က ဆိုပါတယ်။

ယင်းအဆောက်အအုံထဲမှာ ပစ္စတိုတစ်လက်နဲ့ ကျည်ဆံတွေရှိပေမယ့် ခုခံတိုက်ခိုက်ခြင်းမရှိဘဲ Fazzalari အဖမ်းခံခဲ့ပါတယ်။ အသက် ၄၀ အရွယ်သူ့ချစ်သူဟောင်းလည်း ဝရမ်းပြေး အကူအညီပေးမှုနဲ့ တရားမဝင်လက်နတ် လက်ဝယ်ထားရှိရာမှာ ကြံရာပါမှု စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ သူ ထွက်ပြေးခဲ့ပြီး လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု၊ ခြိမ်းခြောက်ငွေညစ်မှုနဲ့ မာဖီးယားအဖွဲ့နဲ့ ဆက်စပ်မှုကြောင့် ၁၉၉၉ မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

Fazzalari ဟာ Cosa Nostra  Sicilian mafia ခေါင်းဆောင်လို့ သံသယရှိသူ Matteo Messina Denaro ပြီးနောက် ဒုတိယအလိုရိုဆုံးမာဖီးယားဝရမ်းပြေး ဖြစ်ပါတယ်။

Ref: upi 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.