တက်တူးက ဖော်ပြပေးတဲ့ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်

tumblr_static_girl-tattoo.jpg
တက်တူးကနေ ဖော်ပြပေးတဲ့အရာတွေဟာ သင်ယူဆထားတာထက် ပိုပါတယ်။ နှုတ်ဖြင့် မဟုတ်တဲ့ ဆက်ဆံပြောဆိုမှုမှာ ကျွမ်းကျင်သူ Judy James ဆိုသူက သင့်တက်တူးကနေ ပြောပြတဲ့ သင်နဲ့ သင့်ပင်ကိုယ်စရိုက်အကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
 
ချစ်သူဟောင်းရဲ့ပုံ 
 
သင်ဟာ ချစ်သူဟောင်းရဲ့ပုံတူ တက်တူးထိုးရင် အမှားကနေ မသင်ယူတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ 
 
လျို့ဝှက်နက်နဲတဲ့ သင်္ကေတ 
 
ခန္ဓာကိုယ်မှာ လျို့ဝှက်နက်နဲတဲ့ သင်္ကေတပုံ တက်တူးထိုးထားသူဟာ လူတွေရဲ့ စိတ်ဝင်စားမှုရရှိလိုပြီး ကိုယ့်ကိုယ်ကိုယ် အချဉ်မဟုတ်ဟု ခံယူထားသူ ဖြစ်ပါတယ်။ နားလည်ရခက်နက်နဲတဲ့ သင်္ကေတတွေက အလေးထားခံချင်တဲ့ စိတ်ဆန္ဒကို ဖော်ညွန်းပါတယ်။ 
 
ရိုးရှင်းပြီး သေးငယ်တဲ့ တက်တူး 
 
ရိုးရှင်းပြီး သေးငယ်တဲ့ တက်တူးပိုင်ရှင်တွေဟာ ကုတင်ပေါ် အံ့မခန်းဖွယ်စွမ်းဆောင်နိုင်ကြသတဲ့။ ဒီပုဂ္ဂိုလ်တွေဟာ သစ္စာရှိသူတွေ ဖြစ်ပါတယ်။ 
 
ရယ်စရာကောင်းပြီး ကလေးကလားဆန်တဲ့ တက်တူး 
 
ကလေးကလားဆန်တဲ့ တက်တူးတွေက စိတ်ဝင်စားစရာကောင်းမှာတော့ မဟုတ်ပေမယ့် ဘဝကို အတန်အသင့် နားလည်ထားတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်သလို တူမတူတဲ့ ဟာသဥာဏ်ရွှင်သူတွေလည်း ဖြစ်ပါတယ်။ 
 
ကလေးနာမည်
 
ကလေးနာမည် တက်တူးထိုးပါက သင်ဟာ ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ရှိသူ ဖြစ်ပါတယ်။ 
 
အနုပညာရှင်များ 
 
အမျိုးသားတွေဟာ လူစွမ်းကောင်းတွေ၊ အနုပညာရှင်တွေရဲ့ပုံတွေကို မကြာခဏ ပုံဖော် တက်တူးရေးထိုးကြပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ အချစ်ရေးမှာ ယောက်ျားပီသသူဖြစ်ကြောင်း ဖော်ပြပါတယ်။ ဒါပေမယ့် အတ္တတော့ကြီး ကြတယ်။ 
 
ရယ်ရွှင်စရာကောင်းတဲ့ တက်တူး 
 
ဒီလိုပုံထိုးတဲ့လူဟာ သူရဲ့ ဟာသဥာဏ်ကို ဖော်ထုတ်ချင်ရုံသက်သက်သာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ အတူနေရတာ အကောင်းဆုံးဖြစ်ပါတယ်။ 
 
တိရိစ္ဆာန်ပုံ 
 
တိရိစ္ဆာန်ပုံထိုးပါက အစဉ်အလာသြဇာကြီးမားသူလို့ ဆိုလိုပါတယ်။ လိင်မှုကိစ္စမှာ စိတ်ပြင်းပြသူဖြစ်ပါတယ်။ 
 
Ref:finelivingadvice
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.