လူအုပ်ကြား မိမိကလေးတွေ မျက်ခြည်ပြတ်မှာ စိုးရင် ဒီအချက်တွေသိထားသင့်

child-lost-what-do-720x500.jpg

ဈေးရောင်းပွဲတော် သို့မဟုတ် အများပြည်သူတွေအတွက် အပန်းဖြေဥယျာဉ်၊ ရင်ပြင်တွေ သွားရတာ တကယ်ပျော်စရာကောင်းပြီး ကိုယ့်ကလေးတွေ ဘေးနားရှိမရှိ၊ ထွက်လို့ထွက်သွားမှန်း သတိမပြုမူမိတဲ့ အထိတောင် ဖြစ်တတ်ကြပါတယ်။ အဲဒီလိုအခြေအနေတွေ ဖြေရှင်းနည်းက အိမ်မှာပဲနေ ဆိုတာမျိုး မဟုတ်သလို အပျှော်အပါး၊ ပွဲရှိရာတွေ မသွားလာနဲ့ ဆိုတာမျိုးလည်း လုံးဝမဟုတ်ပါဘူး။ အဲဒီအစား အကျိုးရှိအရာရောက်အောင် ဒီလိုလေး ပြင်ဆင်ထားသင့်ပါတယ်။သင့်ကလေးကို ပျောက်သွားခဲ့သည်ရှိသော် ဒီအချက်တွေက အကူအညီဖြစ်စေနိုင်ပြီး ကလေးကို အဆင်သင့်ဖြစ်စေပါလိမ့်မယ်။

၁။ ကလေးကို သင့်နာမည်ရင်း ခေါ်တတ်အောင် လေ့ကျင့်ပေးပါ

လူစုလူဝေးကြား မဖြစ်မနေ သွားနေရတဲ့ မိခင်၊ ဖခင်တွေများစွာ ရှိပါတယ်။ ဒီတော့ သင့်ကလေးကို သင့်နာမည်ရင်း အော်ခေါ်တတ်အောင် သင်ပေးတာက သူတို့အသံကို သိသာပေါ်လွင်စေပြီး ပိုမိုလျင်မြန်စွာ သတိပြုထားမိစေမှာ ဖြစ်ပါတယ်။ သင့်နာမည် သိထားခြင်းက ကလေးကို တစ်ယောက်ယောက်ကနေ တွေ့မတွေ့နဲ့ သင့်ရှိနေရာကို ခြေရာခံရှာဖွေဖို့လည်း အထောက်အကူဖြစ်ပါလိမ့်မယ်။

၂။ မျက်ခြည်ပြတ်သွားသလို ဟန်ဆောင်ပြီး လေ့ကျင့်ပေးပါ

ဒါက ကလေးကို သူစိမ်းတွေ၊ ဘယ်သူ့ဆီ အကူအညီတောင်းရမယ်ဆိုတာ ပြောဆိုဖြစ်အောင် တွန်းပို့ပေးပါတယ်။ တခါတလေ ပုန်းရှောင်ပေးပါ အဲဒါမှ နားဝင် သဘောပေါက်ပါလိမ့်မယ်။ ကလေးကို ဖိနပ်သူဟာသူစီးဖို့ ခိုင်းဖူးပါက အလေ့ကျင့်မရမီ ထပ်ထပ်ပြောပေးဖို့ လိုအပ်တာ သိပါလိမ့်မယ်။

၃။ ပြန်ဖျက်လို့ရတဲ့ တစ်နေရာရာမှာ သင့်နာမည်နဲ့ ဖုန်းနံပါတ်ရေးပါ

သင့်နာမည်နဲ့ ဖုန်းနံပါတ်ကို ကလေးရဲ့ လက်ကောက်ဝတ်မှာ ရေးမှတ်ပြီး အပေါ်ကနေ လက်သည်းအရောင်တင်ဆေးအကြည် သုတ်လိမ်းပေးပါက မဖျက်မဆီး ဆက်လက်ရှိနေပါလိမ့်မယ်။ သင့်ကလေးလျှောက်သွားရင် လူကြီးတစ်ယောက်ကနေ သင့်ဆီ ဘယ်လိုအရောက်ပြန်ပို့ပေးမယ်ဆိုတာ သိမှာဖြစ်ပါတယ်။ 

Ref: Simplemost 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.