ဇူလိုင်လမှစတင်၍ ဘန်ကောက် ( ဒွန်မောင်း ) မှ ရန်ကုန်သို့ တစ်ရက် နှစ်ကြိမ်ပြေးဆွဲသွားမည့် Thai Lion Air လေကြောင်းလိုင်း

13530572_1763761050549472_1925207146_n.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် Thai Lion Air သည် လက်ရှိ ပြေးဆွဲလျက်ရှိသော နိုင်ငံတကာ လေကြောင်းခရီးစဉ်များဖြစ်သည့် စင်ကာပူ၊ ဂျကာတာ နှင့် တရုတ်ခရီးစဉ်တို့အပြင် ရန်ကုန်ကိုလဲထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ( ၂၄.၆.၁၆ ) ရက်နေ့ ညနေ ၆ နာရီခွဲတွင် Yangon Ballroom , Novotel Yangon Max Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

Thai Lion Air သည် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ ဒွန်မောင်းမှရန်ကုန်သို့စတင်ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်ဒွန်မောင်း အသွားအပြန်ခရီးစဉ်ကို နေ့စဉ်တစ်ရက်လျှင် နှစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ်သည်။ ပျမ်းမျှအားဖြင့် ခရီးသည် ၈၅ ရာခိုင်နှုန်းရရှိရန်ရည်မှန်းထားပြီး ခရီးသည်တိုင်းအတွက် ကီလို သုံးဆယ် အထိတန်ဆာခ အခမဲ့နှင့် ၁၅ ကီလိုအထိ အားကစားပစ္စည်းအခမဲ့ သယ်ယူနိုင်မည့် အပြင် လေယာဉ်ပေါ်တွင် အခြားသော အခမဲ့ ၀န်ဆောင်မှုများကိုလဲ ပေးအပ်သွားမည်ဟု သိရသည်။

Thai Lion Air ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်လေကြောင်းခရီးစဉ် ၁၀ခုနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၂ ခုတို့ဖြင့် ပြေးဆွဲခဲ့ပါတယ်။ Thai Lion Air လေကြောင်းလိုင်းကိယလေယာဉ်အသစ်စက်စက်ကြီးများဖြစ်သည့် ထိုင်ခုံ ၁၈၉ ခုံပါရှိသော Boeing 737-800 နှင့် ထိုင်ခုံ ၂၁၅ခုံပါရှိသော Boeing 737-900 ER တို့ဖြင့်ပြေးဆွဲလျက်ရှိသည်။ ထို့အပြင် Thai Lion Air သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် IOSA မှတ်ပုံတင်လက်မှတ်ရရှိထားပြီဖြစ်ပြီး ခရီးသည်များအနေဖြင့် ကြိုတင်လက်မှတ်များမှာယူလိုပါက lionairthai ၀က်ဆိုက် နှင့် ပြည်တွင်းလေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များ ( သို့မဟုတ် ) ဘန်ကောက်ရှိ Thai Lion Air call Centre ဖုန်း + ၆၆၂၅၂၉၉၉၉၉ သို့ဆက်သွယ်မှာယူနိုင်ကြောင်း သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.