ပလတ်စတစ်ဘူးခွံသုံး ပစ္စည်းရောင်းချမှု တားမြစ်တဲ့ ပထမဆုံးမြို့ San Francisco ဖြစ်လာ

1451149975.jpg

ယခုမျက်မှောက်ခေတ်မှာ ပလတ်စတစ် ထုတ်ကုန်ပစ္စည်းကြောင့်ဖြစ်တဲ့ ညစ်ညမ်းမှုက အကြီးမားဆုံး ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ၄ ပတ်ခန့် ပတ်ရန် လုံလောက်တဲ့ ပလတ်စတစ်ကို နှစ်စဉ်ကျွန်တော်တို့ စွန့်ပစ်နေကြပါတယ်။ နောက်ပြီး ပလတ်စတစ် ၅၀% ကို တစ်ခါသုံးပြီးရင် ကျွန်ုပ်တို့ လွှင့်ပစ်ကြပါတယ်။

ပလတ်စတစ်မှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းမျိုးစုံပါဝင်တာကြောင့် ပလတ်စတစ်ဘူးခွံထဲက ရေနဲ့ အစားအစာ သုံးဆောင်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေကြောင်း နောက်ဆုံးလေ့လာမှုတွေက ဖော်ပြထားပါတယ်။ ပလတ်စတစ်ထဲက အန္တရာယ်အများဆုံး ဒြပ်ပေါင်းတစ်ခုက bisphenol A သို့မဟုတ် BPA ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီအဆိပ်တောက်နဲ့ ထိတွေ့ခြင်းက မွေးကင်းစလေးတွေမှာ ကိုယ်အလေးချိန်နည်းစေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒီဓာတုပစ္စည်းကို ဦးထုပ်၊ အစားအစာ ထည့်စရာဘူး၊ မျက်မှန်၊ ပြေစာစာရွက်စတဲ့ နေ့စဉ်သုံးစက်ရုံထုတ်ပလတ်စတစ်တွေမှာ အသုံးပြုပါတယ်။ 

Ref: HFH 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.