သင့်ရုပ်ရည်ကို ပိုမိုအိုစာနေပုံပေါက်အောင် မှားယွင်းစွာ လုပ်ဆောင်မိတဲ့အရာများ

903f6d70-c904-4103-aba4-7087202e63ae.jpg
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပုံပေါက်ပြီး လူတိုင်း သင့်ကို လက်တွေ့ထက် ပိုမိုအိုစာနေသလို ခန့်မှန်းမိကြသလား။ သင်မှားယွင်းစွာ လုပ်ဆောင်နေတဲ့အရာတွေက… 
 
ညအိပ်ရာမဝင်ခင် အသားရေခြောက်အောင်သုတ်ခြင်း 
အရေပြားဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားပိုးတွေ ဖယ်ရှားဖို့အတွက် အိပ်ရာမဝင်မီ မျက်နှာသစ်ပါ။ ဒါပေမယ့် အဲဒါက အရေပြားခြောက်သွေ့မှု ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ညလိမ်းခရင်မ်ဝယ်တဲ့အခါ ဈေးသက်သာတာ မကြည့်ပါနဲ့။ 
 
မုတ်ဆိတ်မွေးကို ထိန်းသိမ်းသလား 
မုတ်ဆိတ်မွေးရှိပါက ဆံပင်ကို ဂရုစိုက်ထိန်းသိမ်းပေးသလို အလေးထား ထိန်းသိမ်းဖို့ မမေ့ပါနဲ့။ 
 
ဘယ်ပုံစံညှပ်ရမယ် မှန်းမသိသေးဘဲ ဆံပင်ညှပ် ဆိုင်သွားခြင်း 
တခါတလေ ဆံပင်ညှပ်ဆရာကို ယုံကြည်ပုံအပ်လိုက်တာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ သူ့ကို ဘယ်လောက်ပဲယုံကြည်လဲ အရေးမကြီးပါဘူး။ ရလဒ်က စိတ်ပျက်စရာ ဖြစ်လာတတ်လို့ပါ။ အဲဒီစိတ်ပျက်ဖွယ် ဆံပင်ပုံစံ ပြန်လည်ပြုပြင်ဖို့ ဆံပင်က ချက်ချင်းပြန်မရှည်လာပါဘူး။ 
 
ခေါင်း နေ့တိုင်းမလျှော်လို့
ခေါင်းလျှော်ခြင်းက သူ့မှာ လိုအပ်တဲ့ အဆီအားလုံး ရှင်းထုတ်ပစ်တယ်ဆိုတဲ့ သတိပေးမှုက လုံးဝမှားယွင်းပါတယ်။ မျက်မှောက်ခေတ် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းတွေက ဒီပြသနာဖြေရှင်းနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲလန်းဆန်းကြော့ရှင်းနေအောင် ဦးရေပြားကို နေ့တိုင်း ကုပ်ခြစ်သန့်စင်ပေးပါ။ 
 
ဦးထုပ်ဆောင်းသလား 
ဦးထုပ်က နွေရာသီမှာ နေရောင်ခြည်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကောင်းစွာ ကာကွယ်ပေးပါတယ်။ နောက် အခုအခါ လူတိုင်းနဲ့ လိုက်ဖက်တဲ့ ပုံစံတွေ ရှာဝယ်လို့လည်း ရနိုင်ပါတယ်။ 
 
Ref:finelivingadvice
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.