အိပ်ယာပေါ် စမတ်ဖုန်းကြည့်ပြီးနောက် အမျိုးသမီးနှစ်ဦး မျက်လုံးကန်း

smart-phone.jpg

အမှောင်ထဲ စမတ်ဖုန်း မနားတမ်း ကြည့်ရှုစစ်ဆေးနေရာက အမျိုးသမီးနှစ်ဦး ခေတ္တမျက်စိကန်းသွားကြောင်း ဆရာဝန်တွေက ဆိုပါတယ်။ လနဲ့ချီ စမတ်ဖုန်းကြောင့် ယာယီမျက်လုံးကန်းမှု တွေ့ကြုံခံစားခဲ့တဲ့ အသက် ၂၂ နဲ့ ၄၀ အရွယ် အမျိုးသမီးနှစ်ဦး အဖြစ်အပျက်ကို ဆရာဝန်တွေ New England Journal of Medicine မှာ အသေးစိတ်ရှင်းလင်းခဲ့ပါတယ်။

အဲဒီအမျိုးသမီးနှစ်ဦးစလုံးက မီးအမှောင်ထဲ အိပ်ယာပေါ် ဘေးတစ်စောင်းလှဲအိပ်ရင်း မျက်လုံးတစ်ဖက်တည်းနဲ့ ဖုန်းကို ပုံမှန်ကြည့်ခဲ့ကြပြီး မျက်လုံးတစ်ဖက်ကို ခေါင်းအုံးနဲ့ အုပ်ထားတယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ဖက်က ဖုန်းကြည့်လို့ အလင်းနဲ့ အသားကျပြီး နောက်တစ်ဖက်က အမှောင်နဲ့ ကျင့်သားရတယ်လို့ ဆရာဝန်ကဆိုပါတယ်။

ဖုန်းချတဲ့အခါ ဖုန်းအမြဲကြည့်တဲ့ဘက်က မမြင်ရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အမှောင်နဲ့ နေနေကျဖြစ်တဲ့ ဘက်ကို လိုက်မမီတော့ခြင်းကြောင့် လို့ဆရာဝန်က ရှင်းပြပါတယ်။ စမတ်ဖုန်းကို မျက်လုံးနှစ်ဖက်နဲ့ကြည့်ပါက ယာယီမျက်စိကန်းမှု အန္တရာယ်မရှိဘူး၊ အလွယ်တကယ် ရှောင်လွှဲနိုင်တယ်လို့ ဆိုပါတယ်။

ဖြေရှင်းနည်း – အမှောင်ထဲမှာ မဖြစ်မနေ စမတ်ဖုန်းဖန်သားပြင်ကြည့်ရမယ်ဆိုရင်တောင် ကြည့်တဲ့အခါ မျက်လုံးနှစ်ခုလုံး အသုံးပြုပါ။ 

Ref: Independent 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.