လူကုန်ကူးသူတွေကြောင့် ကွဲသွားကြတဲ့ ညီအစ်မ ၇၃ နှစ်ကြာပြီးနောက် ပြန်တွေ့

13501781_1243331822374302_5148226226153772404_n.jpg

ဒီညီအစ်မနှစ်ယောက် ပြန်တွေ့လို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရန် ဆယ်စုနှစ် ၇ ခုကျော်ကြာမြင့်ခဲ့ပါတယ်။

Li Shurong ဟာ Hebei ခရိုင် သူတို့ရွာမှာ လွန်ခဲ့တဲ့ ၇၃ နှစ်က အိမ်နီးနားချင်းတစ်ယောက်ကနေ ဖြားယောင်းခေါ်ဆောင်ခံခဲ့တဲ့အချိန်မှာ သူမဟာ ၆ နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်ပြီး သူ့အစ်မအကြီးဆုံး Ai Shuzhang က ၈ နှစ်သာ ရှိခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ နောက်တစ်ခါ ပြန်တွေ့ကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် နှစ်ယောက်လုံး အသက် ၈၀ ထဲရောက်နေကြလိမ့်မယ်လို့ သူတို့ မတွေးမိခဲ့ကြပါဘူး။

Ai လက်ရှိနေထိုင်ရာ တောင်ပိုင်းမြို့ Guangzhou ရှိ လေဆိပ်မှာ အင်္ဂါနေ့က ဒီညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး မျက်ရည်မဆယ်နိုင်ဖြစ်ကြသလို လက်ချင်းမလွှတ်နိုင်ပဲ ဖြစ်နေကြပါတယ်။ Li က သူမရဲ့ တစ်ခုတည်းသော ဆန္ဒက ဆုံးရှုံးသွားတဲ့ မိသားစုဝင်နဲ့ ပြန်တွေ့ဖို့ ပါ။ သူမ သားရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုနဲ့ စေတနာအရ ကူညီပေးသူတချို့ကြောင့် နောက်ဆုံး သူမအိပ်မက် တကယ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

သူတို့ပြန်လည်တွေ့ဆုံမှုဓာတ်ပုံ မြင်တွေ့သူတွေ စိတ်မကောင်းဖြစ်နေချိန်မှာပဲ ဒီညီအမနှစ်ယောက် ကွဲသွားကြပြီးနောက်မှာ နှစ်ပေါင်း ၇၀ မက ပြသနတစ်ရပ်အဖြစ်ကျန်ရစ်နေတဲ့ တရုတ်နိုင်ငံက လူကုန်ကူးမှု ပိုမိုပြင်းထန်စွာ တိုက်ဖျက်ရေးအတွက် တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ခန့်မှန်းခြေ ကလေး ၇၀,၀၀၀ နေ့စဉ်ပျောက်ဆုံးနေကြောင်း China Daily က အစီရင်ခံဖော်ပြခဲ့ပါတယ်။ 

Ref: CCTVNews 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.