အပျိုစင်များကိုသာ ပေးအပ်မည့် ပညာသင်ဆု

shutterstock_121337278-500x333.jpg
တက္ကသိုလ် ပညာသင်ဆုပေးရာမှာ အပျိုစင်စစ်စစ် အမျိုးသမီးငယ်များကိုပဲ ပေးအပ်မယ့် စီမံချက်တစ်ခုကို တောင်အာဖရိကနိုင်ငံရှိ KwaZuly Natal ရဲ့ မြို့တော်ဝန်က အကောင်အထည်ဖော်ခဲ့ပါတယ်။ ယင်းမြို့တော်ဝန် ပေးအပ်မယ့် အပျိုစင် ပညာသင်ဆုကြောင့် ဝေဖန်သူတွေ ထောက်ခံသူတွေကြားမှာ တစ်နိုင်ငံလုံးအနှံ စကားစစ်ထိုးပွဲတွေ ဖြစ်နေပါတယ်။ အပျိုစင်ဖြစ်မဖြစ်ပေါ်မူတည်ပြီး ပညာသင်ထောက်ပံ့ ကြေးပေးတယ်ဆိုတာ ခေတ်မမီတော့တဲ့ အတွေးအခေါ်ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြသလို ရှေးရိုးစွဲပုဂ္ဂိုလ်တွေကတော့ ဒီနည်းလမ်းကို အသုံးပြုတာက အာဖရိကရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်တယ်လို့ ထောက်ခံပြောဆိုကြပါတယ်။
 
ကျောင်းသားတွေကတော့ ဒီစစ်ဆေးမှုမျိုး ခံယူစရာမလိုဘဲ ကျောင်းသူတွေကသာ အပျိုစင်စစ်မစစ်ကို ခံယူပြီးမှ ပညာသင်ဆုရနိုင်မယ်ဆိုတာကြောင့် မိန်းကလေးတွေကို နှိမ့်ချပြီး ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ကျားမတန်းတူညီမျှရေးကော်မရှင်က ထောက်ပြခဲ့ပါတယ်။ဒါက အာဖရိကနိုင်ငံဟာ မဟာဖိုဝါဒကို အားပေးပြီး တန်းတူညီမျှမှု မရှိတဲ့နိုင်ငံတစ်ခုအဖြစ်ရှိနေတယ်ဆိုတာ ပြလိုက်တာပဲ ဖြစ်ပါတယ်တဲ့။
 
ပညာသင်ဆု ရရှိမယ့်အမျိုးသမီးတွေက ကျောင်းပိတ်ရက် အိမ်ပြန်တဲ့အခါတိုင်း အပျိုစင်စစ်မစစ်ကို စစ်ဆေးခံရမှာ ဖြစ်ပြီး လိင်ကိစ္စတစ်ခုခုနဲ့ ပတ်သက်မှုရှိတယ်လို့ ဆုံးဖြတ်ခံရတာနဲ့ ပညာသင်ဆု ဆုံးရှုံးမှာ ဖြစ်ပါတယ်။ ဒီစီမံချက်ကို အသက်သွင်းခဲ့တဲ့ မြို့တော်ဝန် Dudu Mazibuko က ဒီအစီအစဉ်က ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းနဲ့ HIV/AIDS ပြန့်ပွားနှုန်းကိုလည်း လျော့ကျစေနိုင်မှာ ဖြစ်သလို အမျိုးသမီးတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးစေမှာ ဖြစ်ပါတယ် ။နောက်ပြီး အပျိုစင် စစ်ဆေးမှုဆိုတာ အာဖရိကနိုင်ငံမှာ ဟိုးတစ်ချိန်ကတည်းက ရှိလာတဲ့ ယဉ်ကျေးမှုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
 
ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင်နဲ့ အချို့နိုင်ငံရေးပါတီတွေကတော့ အမျိုးသမီးတစ်ဦးရဲ့ လိင်မှုရေးရာကို အခြေခံပြီး နိုင်ငံတော်ရဲ့ ရန်ပုံငွေနဲ့ ပညာသင်ဆုပေးတာက တန်းတူညီမျှမှု၊ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး အခြေခံဥပဒေနဲ့လည်း မညီဘူးလို့ ဆန့်ကျင်ကန့်ကွက်နေမှုတွေ ရှိနေပါတယ်။
 
Ref:timesofindia.indiatimes
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.