ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး ကိုယ်ကာယလေ့ကျင့်သူ

13501607_1076382425744629_5269083859822090096_n.jpg

Ernestine Shepherd ဆိုသူက အခုအခါ အသက် ၈၀ ရှိတဲ့ အာဖရိကန်-အမေရိကန်လူမျိုး ကိုယ်ကာယလေ့ကျင့်သူ တစ်ဦးဖြစ်ပါတယ်။ အသက်အရွယ်ဆိုတာ ဘာမှမဟုတ်ဘူး၊ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်ကြောင်း သူမ ခံယူထားပါတယ်။ သူမဟာ ကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ပေးသူ၊ မော်ဒယ်လ်၊ ပြိုင်ပွဲဝင်ကာယဗလလေ့ကျင့်သူနဲ့ "Ageless" Journey of Ernestine Shepherd ရဲ့ စာရေးဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။

Shepherd ကို Guinness Book of World Records မှ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်မှာ  အသက်ကြီးဆုံးအမျိုးသမီးကိုယ်ကာယလေ့ကျင့်သူအဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူမ အသက် ၅၆ အရွယ်ရောက်တဲ့အချိန်မှာ ဇွဲ၊ လုံ့လ ဝီရိယနဲ့ ဘယ်လိုကျင့်ကြံပြုမူနေထိုင်ခဲ့သလဲဆိုတဲ့ အဖြစ်အပျက်ကို လူအများကို သူမ ပြန်လည်ဝေမျှခဲ့ပါတယ်။

ကိုယ်ကာယလေ့ကျင့်မှုအကြောင်း သိချင်စိတ် စတင်ပြင်းပြခြင်းက သူမညီမ brain aneurysm ရောဂါကြောင့် ရုတ်တရက် ဆုံးသွားတဲ့အချိန်မှာ ပျော်ရွှင်မှုဆီ ပြောင်းလဲတွန်းပို့ပေးတဲ့ ဘဝအချိုးအဆစ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: CCTV Africa  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.