ဖေ့စ်ဘွတ်သုံးသူ လူ ၁၀ ယောက်မှာ ၆ ယောက်က ခေါင်းစဉ်ကိုပဲကြည့်ပြီး comment ပေးလေ့ရှိကြောင်းလေ့လာတွေ့ရှိ

person-holiday-vacation-woman.jpg
အခုအချိန်မှာ လူအများစုအတွက် အဓိက သတင်းရင်းမြစ်က TV မဟုတ်တော့ဘဲ အင်တာနက် ဖြစ်လာနေပါပြီ။ သို့သော်လည်း လေ့လာမှုတစ်ခုအရ လူ၁၀ ဦးမှာ ၄ ဦးလောက်ကပဲ သတင်းအပြည့်အစုံကို ဖတ်လေ့ရှိပြီး ကျန်တဲ့ ၆ ဦးကတော့ အကြောင်းအရာကို ဖတ်တောင်မဖတ်ကြည့်ဘဲ link အသစ်တွေကို share လေ့ရှိပါတယ်တဲ့။ ဒီလို သေသေချာချာ မဖတ်ဘဲ share လိုက်တဲ့ အကြောင်းအရာတွေက နိုင်ငံရေးနဲ့ ယဉ်ကျေးမှု အယူအဆတွေကို ပုံသွင်းပြုပြင်နိုင်တယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။
 
ကိုလံဘီယာ တက္ကသိုလ်နဲ့ ပြင်သစ်နိုင်ငံရှိ့ တက္ကသိုလ်တစ်ခုတို့ ပူးပေါင်းပြီး အများဆုံး share တဲ့ link တွေကို အမှန်တကယ် ဝင်ဖတ်မဖတ်သိနိုင်ဖို့အတွက် အုပ်စုနှစ်စုခွဲပြီး အချက်အလက်တွေကို သတ်မှတ်လေ့လာခဲ့ကြပါတယ်။ လေ့လာမှုတွေအရ လူမှုမီဒီယာတစ်ဝန်းလုံး ကျော်ကြားသွားတဲ့ သတင်းတွေအများကြီးတွေ့ရပေမယ့် အမှန်တကယ် link ထဲဝင်ကြည့်တာကတော့ အရမ်းကို နည်းတာကို တွေ့ရှိခဲ့ပါတယ်။
 
ရလဒ်တွေအရ လူမှုမီဒီယာတွေမှာ share တဲ့ link တွေရဲ့ ၅၉%က တစ်ခါမှ ဝင်ကြည့်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။လူတွေက အကြောင်းအရာတစ်ခုကို ဖတ်ဖို့ထက် share ဖို့ကို ပိုအားသန်ကြောင်း ၊ဒါက  သတင်းကို သုံးစွဲတဲ့ ခေတ်သစ်နည်းပဲ ဖြစ်ကြောင်း၊ လူတွေက ဂဃနဏ သိအောင် ကြိုးစားဖို့ထက် အကျဉ်းချုပ်ပေါ် အခြေခံပြီး အယူအဆတွေ သတ်မှတ်ကြတာကို ပိုများလာပါတယ်လို့ တွဲဖက်သုတေသနခေါင်းဆောင် Arnaud Legout က ပြောကြားခဲ့ပါတယ်။
 
လူတွေက ခေါင်းစဉ်ကို ဖတ်ပြီး သဘောကျတာနဲ့ အထဲက အကြောင်းအရာက လက်ခံနိုင်လောက်တဲ့ သတင်းလား သတင်းအတုအယောင်လားဆိုတာကို မခွဲခြားတော့ဘဲ comment တွေပေး၊ share တွေ လုပ်လေ့ရှိပါတယ်။ အကောင်းဆုံး သက်သေကတော့ ဇွန်လ ၄ ရက်နေ့က The Science Post ဝဘ်ဆိုက်ကတင်တဲ့ “ဖေ့စ်ဘွတ်သုံးသူ ၇၀%က comment မပေးခင် ခေါင်းစဉ်ကိုသာ ဖတ်ကြောင်း လေ့လာတွေ့ရှိ”  လို့ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးကို လူပေါင်း ၄၆၀၀၀ ကျော်က share ခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးထဲမှာတော့ ဘာအဓိပ္ပါယ်မှ မရှိတဲ့ အင်္ဂလိပ်စာလုံးအချို့( “lprem ipsum”)ပဲ ပါဝင်တာပါတဲ့။ဘာမှ ရေးသားထားခြင်း မရှိပါဘူးတဲ့။ ဒါကြောင့် စေ့စေ့ငုငု မဖတ်ဘဲ share /comment ပေးတာက အင်တာနက် ယဉ်ကျေးမှုဖြစ်လာနေပါပြီလို့ သိပ္ပံပညာကထောက်ပြထားပါတယ်။
 
Ref:dailymail.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.