ကြောက်ကြောက်ကြောက်ဇာတ်ကားကြီးမှာ နေတိုးရဲ့ချစ်သူဝိဥာဉ်နေရာက ပါဝင်သရုပ်ဆောင်ဖို့ရှိတဲ့ခင်ဝင့်ဝါ

13277757_963670810377226_355242901_n.jpg

၈လပိုင်းမှာရိုက်ကူးမဲ့ ကြောက်ကြောက်ကြောက်ဆိုတဲ့ မင်းသားမင်းသမီး စုံစုံညီညီနဲ့ရိုက်ကူးမဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဦးမဲ့ သူကတော့ ခင်ဝင့်ဝါပဲဖြစ်ပါတယ်။ အဲ့ဒီကားကြီးမှာ နေတိုးရဲ့ချစ်သူဝိဥာဉ်တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ကိုဝေမင်းမောင်တို့စီစဉ်တဲ့အပြင် မင်းသားမင်းသမီးစုံစုံညီညီနဲ့မို့လက်ခံဖြစ်တယ်လို့သူမကပြောပါတယ်။ အရှေ့မှာလဲ အောင်ရဲလင်းနဲ့ကားကြီးတစ်ကား ရိုက်ကူးထားသလို ကာရိုက်တာအနေနဲ့အချစ်တော်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ခင်ဝင့်ဝါရဲ့ လက်ရှိအနုပညာအကြောင်းများကိုမေးမြန်းဖြစ်တဲ့အခါ

"အခုလက်ရှိက ညီမက ရွှေမင်းသားရဲ့ကြင်ယာတော်ဆိုတဲ့ ကားလေးရိုက်နေတယ်။ အဲ့ဒါကကိုဇေရဲထက်နဲ့ပေါ့။ အဲ့ဒါအပြင်အရှေ့မှာရိုက်ပြီးမပြီးသေးတဲ့ အရှေ့ကိုက်တစ်ရာတွင်အချစ်ရှိသည်ဆိုတဲ့ ကားလေးကိုလဲဆက်ရိုက်ဖြစ်တယ်။ အဲ့ဒီကားထဲမှာက ကောင်မလေးက ရိုးရိုးအေးအေး ယာဉ်ထိန်းရဲမေပေါ့။ ကလေးတွေကို ကျောင်းဆင်းတဲ့အချိန်မှာ ကားလမ်းလိုက်ကူးပေးတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့အေးအေးဆေးဆေးလေးပဲ။ တည်တည်ငြိမ်ငြိမ်ရှိတဲ့ကောင်မလေးပေါ့။ယာဉ်ထိန်းရဲဝတ်စုံနဲ့ဝတ်ရိုက်ရတဲ့ ခံစားမှုအပိုင်းကတော့ ဒီဝတ်စုံက ယူနီဖောင်းဖြစ်တယ်။ အစိုးရ၀န်ထမ်းဝတ်စုံဖြစ်တဲ့အတွက် အမှားပါမှာလဲကြောက်တယ်။ အဲ့ဒါကြောင့် ယာဉ်ထိန်းရဲမေနဲ့ပတ်သက်တာတွေကို မရိုက်ခင်ကတည်းကလေ့လာဖြစ်တယ်။ သူတို့ဘယ်လိုဝတ်တယ်။ စားတယ်က အစပေါ့။ နည်းနည်းလွဲတာနဲ့ဒီယူနီဖောင်းက အများကြီးဝန်ကြီးတယ်။ နည်းနည်းလေးလေ့လာရပြီးတော့ သေချာလေးလုပ်ဖြစ်တယ်။ ပုံတင်တော့လဲ အချို့ပရိသတ်တွေကသဘောကျကြတယ်။ ကားလေးထွက်လာရင်ကြည့်ချင်တယ်လို့လဲပြောကြတော့ကျေနပ်ပါတယ်။"လို့သူမက ဖွင့်ဟသွားပါတယ်။ 

ဒီရဲ့အရှေ့မှာရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားများနဲ့ပတ်သက်ပြီးတော့လည်း သူမက "ကိုညီထွဋ်ခေါင်နဲ့တစ်ကားရိုက်ဖြစ်တယ်။ ပြီးတော့ ကိုနေတိုးနဲ့လဲ ကြောက်ကြောက်ကြောက်ဆိုတဲ့ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။ ကြောက်ကြောက်ကြောက်ထဲမှာက ညီမကသရဲပေါ့။ ကိုနေတိုးကောင်မလေးရဲ့ကာရိုက်တာကပါ။ အဲ့ဒီကားထဲမှာက သရုပ်ဆောင်အများကြီးပါတယ်။ ကိုနေတိုး၊ ကိုမင်းသွေး၊ ပြီးတော့ မနန်းမြတ်၊ မေမြင့်မိုရ်၊ မပိုပိုတို့ပေါ့။ အဲ့ဒီကားကိုတော့ မေမြို့မှာသွားရိုက်မယ်။ အဲ့ဒီကားကို လက်ခံဖြစ်တာက ပရိုဂျူဆာကလဲကိုယ်နဲ့ခင်တယ်။ ကိုရွှေမန်းပေါ့။ ကိုဝေမင်းမောင်မီဒီယာ ၇ ကလဲဖြစ်တယ်။ ကိုယ့်ရဲကအနုပညာမောင်နှမတွေကြီးပဲဆိုတော့လက်ခံဖြစ်လိုက်တာပါ"တဲ့။

ခုနောက်ပိုင်း ခင်ဝင့်ဝါဟာ ကားကြီးထက်ဗီဒီယိုအရိုက်များနေတာ သတိထားမိတာကြောင့် အဲ့ဒိအကြောင်း မေးမြန်းဖြစ်တဲ့အခါမှာတော့ "ကားကြီးထက်ဗီဒီယိုအရိုက်ပိုများတယ်။ အရှေ့မှာတော့ ကိုအောင်ရဲလင်းနဲ့ကားကြီးတစ်ကားရှေ့မှာရိုက်ဖြစ်တယ်။ အဲ့ဒီထဲမှာတော့ ကာရိုက်တာလေးကဆန်းတယ်။ မိန်းကလေးချင်းချစ်တဲ့အချစ်တော်ပုံစံလေးပေါ့။ အရမ်းကြီးမရိုက်ဖြစ်ဘူး။ ရိုက်ရင်လဲသေသေချာချာလေးစိစစ်ရွေးချယ်ပြီးရိုက်ဖြစ်တယ်။ ဗီဒီယိုတွေကတော့ရိုက်ဖြစ်နေတယ်။ ဒါပေမဲ့ ဗီဒီယိုတွေကိုလဲ အသေးစိတ်ဂရုစိုက်ပြီး ကာရိုက်တာကိုရွေးချယ်ရိုက်ကူးဖြစ်ပါတယ်"လို့ ဆိုသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.