လောင်းကြေးအနိုင်ရဖို့အတွက် နှစ်နှစ်ဆယ်လုံး ရင်သားအစားထိုးခဲ့တဲ့ ယောကျာ်း

344d483f00000578-3595290-image-m-71_1463515229561.jpg
Brain Zembic ဆိုတဲ့ အမျိုးသားတစ်ယောက်သည် သူငယ်ချင်းဖြစ်သူနဲ့ လောင်းကြေးထပ်ပြီး ၁၉၉၇ ခုနှစ်မှာ ရင်သားအစားထိုးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ တစ်နှစ်တိတိ ရင်သားကို မဖယ်ရှားဘဲနေနိုင်ရင် ဒေါ်လာ ၁ သိန်းပေးမယ်လို့ လောင်းခဲ့ကြပါတယ်။ အခုအခါမှာတော့ အသက် ၅၅နှစ်အရွယ် Zembic က ရင်သားအစားထိုးခဲ့တာ နှစ် ၂၀ အထိကြာသွားပြီဖြစ်ပြီး အခုမှ ဖယ်ရှားပစ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
 
Zembic က ကြေးစားလောင်းကစားသမားတစ်ဦး ဖြစ်ရုံမက မျက်လှည့်ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ စတန့်မျိုးစုံကို လောင်းကြေးထပ်ပြီး လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ သူက ဒေါ်လာ ၇၀၀၀ ရဖို့အတွက် သူငယ်ချင်း တစ်ယောက်ရဲ့ ရေချိုးခန်းထဲမှာ တစ်လလုံးနေဖို့ အလောင်းအစားလုပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ ဒီအလောင်းအစားကတော့ အချိန်အကြာဆုံး အလောင်းအစား ဖြစ်လာပါတယ်။ သူကပြောပြပါတယ်။ ဒီရင်သားတွေက သူ့အတွက် အနှောင့်အယှက် မဖြစ်တဲ့အပြင် ဒီရင်သားတွေနဲ့ နေသားကျနေတဲ့အတွက် အစပိုင်းနှစ်တွေက ပြန်ပြီး ဖယ်ရှားဖို့ မလုပ်ခဲ့တာပါတဲ့။ ပြီးတော့ ဒီရင်သားတွေက အရမ်းကြည့်ကောင်းတယ်။ မိန်းမတွေက ဘာကြောင့်ရင်သားအလှတွေပေါ်အောင် ဘာလို့ပြတတ်သလဲဆိုတာ အခုနားလည်သွားပြီလို့လည်း ပြောခဲ့ပါတယ်။
 
သူက လောင်းကစားတွေနဲ့ အလုပ်ရှုပ်နေသလို ပြန်ပြီး ခွဲစိတ်မှုလုပ်ဖို့လည်း ပျင်းရိနေတာကြောင့် ဒီအတိုင်းထားခဲ့တာပါတဲ့။ နောက်ပြီး ဒီရင်သားတွေက သူ့ရဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့အစွမ်းတွေကို တစ်ခါမျှ မထိခိုက်စေခဲ့ပါဘူးလို့လည်း ပြောပြခဲ့ပါတယ်။ အခု Zembic ဟာ ပလတ်စတစ်ဆာဂျရီအကြောင်း ဆွေးနွေးတဲ့ E!Show မှာ နာမည်ကြီးလျက်ရှိပါတယ်။
 
Ref:firsttoknow
 
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.