ယောက်ျားရဲ့ ဖုန်းကို စစ်ဆေးတဲ့ မိန်းမကို နိုင်ငံတွင်းမှ ထွက်သွားဖို့ အမိန့်ချခံရ

uae-cheater-558x279.png
ယူအေအီးနိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ယောက်ျားဖောက်ပြန်နေသလားဆိုတာ သိနိုင်ဖို့အတွက် ယောက်ျားဖြစ်သူရဲ့ဖုန်းကို ယူပြီးစစ်ဆေးကြည့်ခဲ့တဲ့အတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အမည်မဖော်ပြထားတဲ့ အာရပ်အမျိုးသမီးကို ရာဇဝတ်မှုတရားရုံးက ဒါရမ်း ၁၅၀,၀၀၀ (၄၀၈၄၃ ဒေါ်လာ) ပေးဆောင်ရန်နဲ့ နယ်နှင်ဒဏ် ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့တယ်လို့ Emirate of Ajman ဆိုတဲ့ အင်္ဂလိပ်ဘာသာသုံး သတင်းစာမှာ ဖော်ပြထားပါတယ်။
 
သူမက သူမခင်ပွန်းကို ဖောက်ပြန်နေတယ်လို့ စွပ်စွဲခဲ့ကြောင်း သူမရဲ့ရှေ့နေက သတင်းစာကို ပြောပြခဲ့ပါတယ်။ သူမက ခင်ပွန်းရဲ့ ခွင့်ပြုချက်မရှိဘဲ ခင်ပွန်းဖြစ်သူရဲ့ ဖုန်းကို စစ်ဆေးကြည့်ရှုခဲ့ပြီး သူမဖုန်းထဲကို ပုံတွေပြောင်းထည့်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရှေ့နေက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 
သူ့ဖုန်းကို အခွင့်မရှိဘဲ ယူကြည့်ခဲ့တဲ့ မိန်းမဖြစ်သူကို နည်းပညာသုံးပြီး တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေကို ထိပါးနှောင့်ယှက်မှုဆိုတဲ့ ဆိုက်ဘာဥပဒေ ချိုးဖောက်မှုအရ ယောက်ျားဖြစ်သူက တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
အမှုရင်ဆိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်က အသက် ၃၀ အရွယ်ဖြစ်ပြီး တခြားအချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
 
Ref:firsttoknow
 
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.