အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ၃၆ နှစ်ကြာနေပြီဖြစ်တဲ့ ကလေးအရိုးတစ်ခုတွေ့ရှိ

a12-620x3291.jpg
အိန္ဒိယနိုင်ငံ အလယ်ပိုင်းက အမျိုးသမီးတစ်ဦးဖြစ်သူ Kantabai Thakre က လက်ရှိ အသက် ၆၀ အရွယ်ရောက်မှ ဝမ်းဗိုက်ထဲက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် Ngapur မြို့ရှိ ဆေးသိပ္ပံဌာနကို သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်တွေက သူမဝမ်းဗိုက်ရဲ့ ညာဘက်အခြမ်းမှာ အစိုင်အခဲတစ်ခုကို စမ်းမိခဲ့တဲ့အတွက် ကင်ဆာဖြစ်နိုင်တယ်လို့ ယူဆပြီး MRI စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ 
 
စစ်ဆေးမှု ရလဒ်ထွက်လာတဲ့အခါမှာ ဆရာဝန်တွေရော လူနာပါ အံအားသင့်ခဲ့ရပါတယ် ။ အကြောင်းကတော့ စမ်းမိခဲ့တဲ့ အသားလုံးက သူမရဲ့ မမွေးခဲ့တဲ့ ကလေးအရိုးစုရှိနေတဲ့ အစိုင်အခဲဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုလောက်က သူမအသက် ၂၄ နှစ်အရွယ်မှာ ကိုယ်ဝန်ဆောင်ခဲ့ပြီး ဆရာဝန်တွေက သားအိမ်ပြင်ပ သန္ဓေတည်တာဖြစ်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ချေများတယ်လို့  ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူမက ခွဲစိတ်ရမှာကြောက်ပြီး ဆေးရုံကနေ ထွက်ပြေးခဲ့ပါတယ်။
 
သူ့ရဲ့တစ်ခုတည်းသော ကုသမှုက သူတို့ မြို့နားက ဆေးခန်းလေးတစ်ခုမှာ နာကျင်မှုသက်သာအောင် ကုသခံခဲ့တာလောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူက ကိုယ်ဝန်ပျက်ကျသွားပြီလို့ပဲ ယုံကြည်နေခဲ့ပါတယ်။ လူနာကို MRI ရိုက်ပြီးနောက်မှာမှ ဒါက ကလေးတစ်ယောက်ရဲ့ အရိုးတွေဖြစ်ကြောင်း ဆရာဝန်တွေက သိခဲ့ကြတယ်လို့ ခွဲစိတ်မှု ခေါင်းဆောင် ဆရာဝန် Dr.Murtaza Akhtar က Times of India ကို ပြောပြခဲ့ပါတယ်။
 
ဆရာဝန်တွေက အခုအခါမှာ အရိုးကို ဖယ်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ Thakre ရဲ့ ဆေးမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီး သားအိမ်ထဲမှာ မဟုတ်ဘဲ သားဥပြွန်မှာ သန္ဓေတည်ပြီး ဝမ်းဗိုက်ထဲမှာ အကြာဆုံး ရှိနေသည့် သန္ဓေသားလောင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
 
Ref:firsttoknow
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.