ကလေးဘဝမှာ မကြာခဏ အစာငတ်ပြတ်ခြင်းက အရွယ်ရောက်ချိန် ရန်လိုစိတ်ပိုဖြစ်စေ

hunger-thinkstock-2.jpg

မကြာခဏ အစာငတ်တဲ့ ကလေးတွေဟာ နောက်ပိုင်းတွေမှာ စိတ်စေ့ဆော်မှု ထိန်းချုပ်မှုပြသနာ ဖြစ်ပွားဖို့နဲ့ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နိုင်ခြေ ၂ ဆထက်မက ပိုများတယ်လို့ လေ့လာမှုအသစ်က တွေ့ရှိခဲ့ပါတယ်။ ကလေးအရွယ် မကြာခဏငတ်မွတ်မှု တွေ့ကြုံခဲ့တဲ့ လေ့လာစမ်းသပ်ခံသူ ၃၇% က အချင်းချင်းရန်ဖြစ်အကြမ်းဖက်မှုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ ကလေးအရွယ် ငတ်မွတ်မှု သိပ်မကြုံဖူးသူများအနက် ၁၅% ကသာ အကြမ်းဖက်မှုနဲ့ ပတ်သက်ခဲ့ကြပါတယ်။

ကလေးဘဝ အစာရေစာငတ်မှုက ပညာရေးအားနည်းခြင်းအပါအဝင် တခြားအပျက်သဘောဆောင်တဲ့ ရလဒ်အမျိုးမျိုး ဖြစ်စေကြောင်း ယခင်လေ့လာမှုက ဖော်ပြခဲ့ပါတယ်။ ယခုလတ်တလောလေ့လာမှုက ကလေးအရွယ်အစာငတ်ပြတ်ခြင်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်မှုနည်းခြင်းနဲ့ ရန်ဖြစ်အကြမ်းဖက်ခြင်းတို့ကြား ဆက်နွယ်မှု တစ်ခု တွေ့ရှိခဲ့ပါတယ်။ အာဟာရဓာတ်က ကျောင်းပညာရေးအောင်မြင်မှုအတွက်သာ အရေးကြီးတာမဟုတ်ပဲ အမူအကျင့်ပြုမူနေထိုင်မှုပုံစံနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိပါတယ်။ ကလေးတွေ ကျောင်းစာမေးပွဲတွေကျတဲ့အခါ တခြားဘဝနယ်ပယ်တွေမှာ စတင်ကျရှုံးလာကြတယ်လို့ အမေရိကနိုင်ငံ တက်ကဆက်တက္ကသိုလ် ပြစ်မှုဗေဒဆိုင်ရာ ပါမောက္ခ Alex Piquero က ပြောဆိုခဲ့ပါတယ်။

အစာငတ်မှု လျှော့နည်းသက်သာအောင် စီမံဆောင်ရွက်ခြင်းက အကြမ်းဖက်မှု လျှော့နည်းစေနိုင်တယ်လို့ ယင်းရှာဖွေတွေ့ရှိမှုတွေက ဖော်ပြထားပါတယ်။

Ref: Indianexpress 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.