အဓွန့်ရှည် ပြီးပြည့်စုံတဲ့ စုံတွဲဘဝအတွက် သိထားရမယ့်အချက်များ

relationshipgoals.jpg

သင့်မှာ ကြာရှည်မခံတဲ့ ချစ်သူစုံတွဲ ဘဝရှိခဲ့ဖူးရင် ဒါမှမဟုတ် ရေရှည်လက်တွဲချင်တဲ့သူ ရှာတွေ့ဖို့ အခက်အခဲရှိနေရင် တာရှည်ခံပြီး ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲဘဝရယူပိုင်ဆိုင်ခြင်းအကြောင်း သဘောပေါက် နားမလည်သေးတာ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေက သင့်အချစ်ရေး ပိုမိုတိုးတက်ကောင်းမွန်အောင် အထောက်အကူပြုပါလိမ့်မယ်။

မိမိလိုအပ်ချက်တွေ ပြောဆိုပါ

တစ်ယောက်တည်း သီးသန့်အေးအေးလူလူ လွတ်လပ်စွာ နေဖို့ လိုအပ်တဲ့ည ဒါမှမဟုတ် ရက်တွေရှိတဲ့အခါ သင့်လက်တွဲဖော်ကို ပြောဆိုပါ။ မိမိကိုယ်တိုင် သို့မဟုတ် အပေါင်းအသင်းများနဲ့ အလုပ်လုပ်ရမယ့်အချိန်၊ မိသားစု သို့မဟုတ် ဝါသနာပါရာအလုပ်တွေနဲ့ အချိန်ကုန်ဆုံးဖို့ ပဲဖြစ်ဖြစ် ထုတ်ဖော်ပြောဆိုရပါမယ်။ ဒီသီးသန့်အချိန်ကို မလိုချင်ဘူး၊ မလိုအပ်ဘူးဆိုရင်တောင် အချစ်အတွက် မိမိကိုယ်ကိုယ် လျစ်လျုမရှုပါနဲ့။

သင့်အပေါင်းအသင်း၊ မိသားစု၊ အလုပ်နဲ့ ဝါသနာတွေ မေ့မထားပါနဲ့

ချစ်သူစုံတွဲဘဝ အစောပိုင်းအဆင့်မှာ မိမိလက်တွဲဖော်နဲ့ပဲ အချိန်ကုန်ဆုံးချင်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ ရှိုးပွဲသွားဖို့ ဖိတ်ခေါ်ရင် လက်ခံပြီး သင့်ချစ်သူကို အိမ်မှာ ထားခဲ့ပါ။ အရင်က သွားခဲ့တဲ့ သင်တန်းတွေ ပုံမှန်အတိုင်း ဆက်သွားပါ။ သင့်မှာ ချစ်သူရှိလို့ တခြားဘယ်နေရာမှ သွားစရာမလိုတော့တာ မဟုတ်ပါဘူး။

မိမိကိုယ်ကိုယ်အချိန်ပေးပါ

Gym ဒါမှမဟုတ် ရုပ်ရှင်ရုံကို တစ်ယောက်တည်း သွားပါ။ တစ်ကိုယ်ရေတစ်ကာယ ဖြစ်ခဲ့စဉ်က လုပ်ခဲ့တဲ့အရာတွေ အကုန်လုပ်ပါ။ အရင်လောက် မဟုတ်ပေမယ့် ရံဖန်ရံခါလေးပေါ့။ သင့်ချစ်သူကို သင်တက်တဲ့ပွဲတိုင်း မခေါ်ပါနဲ့။ သင်တစ်ဦးတည်း ကုန်ဆုံးတဲ့အချိန်ဟာ မိမိကိုယ်မိမိနားလည်စေတဲ့ အဓိကသော့ချက်ဖြစ်ပြီး အချစ်ရေးမှာ ကောင်းမွန်ခိုင်မာတဲ့ အုတ်မြစ် တည်ဆောက်ပေးပါလိမ့်မယ်။ 

Ref: FLA 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.