သားဖြစ်သူရဲ့ ဦးနှောက်အကြိတ်ရောဂါ ခွဲစိတ်အမာရွတ်အတိုင်း တက်တူးထိုးခဲ့တဲ့ ဖခင်

tattoe.png

အမေရိကနိုင်ငံ ကန်းစပ်စ်ပြည်နယ်က ၈ နှစ်အရွယ် Gabriel Marshall မှာ အန္တရာယ်ပေးနိုင်တဲ့ ဦးနှောက်အကြိတ်ရှိကြောင်း ကျန်ခဲ့နှစ်က တွေ့ရှိခဲ့ပါတယ်။ ယင်းအကြိတ်ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှုက ကောင်လေးကို သူ့နားရွတ်အပေါ်နားမှာ ပုံမှာပြထားသလို အမာရွတ်ကြီးတစ်ခု ရရှိစေခဲ့ပါတယ်။

၂၈ နှစ်အရွယ် သူ့ဖခင် Josh Marshall က သားဖြစ်သူရဲ့ အမာရွတ်အတိုင်း သူ့ခေါင်းမှာ တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရဲရင့်တဲ့ Gabriel  မိမိကိုယ်မိမိယုံကြည်မှု ပြန်ရဖို့နဲ့ ပြန်လည်ကျန်းမာဖို့အချိန်ယူနေစဉ်တလျှောက် မိသားစုတွေ သူ့ဘက်အမြဲရပ်တည်ပေးခဲ့ကြောင်း သဘောပေါက်စေဖို့အတွက် ခုလို အဖေဖြစ်သူက တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။

"သားကို လူတွေ စိုက်ကြည့်ချင်ရင် တို့နှစ်ယောက်လုံးကို သူတို့ကြည့်နိုင်တယ်" လို့ သားကို ပြောပြခဲ့ကြောင်း Buzzfeed News နဲ့ စကားပြောဆိုရင်း Josh Marshall က ဆိုပါတယ်။

ဒီအဖြစ်အပျက်မျိုးလိုပဲ ပုံစံတူ ဖခင်တစ်ဦးမှ ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့ဖူးပါတယ်။ နယူးဇီလန်မှ ဖခင် Alistir Campbell ဟာ အကြားအာရုံဆုံးရှုံးမှုကြောင့် နားကြားကိရိယတပ်ဆင်ရတဲ့ ၆ နှစ်အရွယ် သူ့သမီးတွက် သူ့နားရွတ်နောက်နားလေးမှာ နားကြားကိရိယာပုံ တက်တူးထိုးခဲ့ပါသေးတယ်။ 

Ref: CCTVNews 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.