ကျဉ်းကျပ်တဲ့မြို့ပြနေ ဥယျာဉ်ပန်းခြံစိုက် ဝါသနာပါသူတွေအတွက် ခြံစိုက်နည်း

ikea-make-an-indoor-garden-_1364312955921-s4.jpg

အစစအရာရာ ကျဉ်းကျပ်နေတဲ့ မြို့ပြတွေမှာ ကျွန်ုပ်တို့နေထိုင်ကြရပါတယ်။ နေအိမ်တိုက်ခန်းတွေ ပိုမိုကျယ်ဝန်းလာပေမယ့် ခြံ၊ ဥယျာဉ်တွေ ပိုပိုကျဉ်းလာပါတယ်။ ခြံသေးသေးလေးနဲ့ အိမ်အပြင်နေရာလွတ် အနည်းငယ်ရှိပေမယ့် သစ်ပင်ပန်းမံတွေ စိုက်ပျိုးဖို့  အခွင့်အရေး မဆုံးရှုံးသေးဘူးလို့ Rashi က ရှင်းပြပါတယ်။

သင့် အသုံးပြုပြီးပစ္စည်းကနေတဆင့် ဥယျာဉ်ငယ်လေး ဖန်တီးနိုင် နည်းလမ်း (၄) ခု ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးရေကန် ဥယျာဉ်လေး

စိုက်ပျိုးစရာ ခြံမရှိဘူးဆိုရင် ပလတ်စတစ်ဖြင့်ပြုလုပ်တဲ့ ကလေးရေစိမ်ကန်အဟောင်းက ကောင်းမွန်တဲ့ ပန်းခြံလေး ရရှိစေပါတယ်။ လွယ်ကူပြီး အိုင်ဒီယာကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီပလတ်စတစ်ကန်ကို မြေ သို့မဟုတ် မြေဆွေး ထည့်ပြီး အပင်တွေစိုက်ပျိုးရုံသာ ဖြစ်ပါတယ်။ ဆေးဖက်ဝင်အပင်၊ ဆလတ်ရွက်နဲ့ အသေးစား ဟင်းသီးဟင်းရွက်တချို့ပေါင်းစိုက်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီကလေးရေစိမ်ကန်လေးကို ဝရန်တာမှာ ထားနိုင်ပါတယ်။

၂။ ဘွတ်ဖိနပ်ပန်းစိုက်ခြံ

အသုံးမပြုတော့တဲ့ ဘွတ်ဖိနပ်တွေကို ပန်းခြံအဖြစ် ပြောင်းလဲနိုင်ပါတယ်။ တကယ်တော့ လှပပြီး အထူးကောင်းမွန်တဲ့အရာလေးပါ။ ဘွတ်ဖိနပ်ဟောင်းတချို့ကို ယူပြီး ရေလောင်းပြီးလို့ ရေတွေပြန်ဆင်းနိုင်မယ့် ရေနုတ်အပေါက်တွေ ဖောက်ပေးပါ။ နောက် ချိတ်ဆွဲဖို့အတွက် ဘွတ်ဖိနပ်အနောက်ဘက်ထိပ်နားလေးမှာ အပေါက်တစ်ခု ဖောက်ပြီး ခြံစည်းရိုးပေါ် ရိုးရိုးသံချောင်းအသုံးပြုပြီး ချိတ်ဆွဲရမှာ ဖြစ်ပါတယ်။

၃။ ပြတင်းတံခါးခုံ ဥယျာဉ်

စည်သွတ်ဘူးဟောင်းလေးတွေကို ပန်းအိုအဖြစ် ပြန်သုံးနိုင်ပါတယ်။ အောက်ခြေမှာ ရေဆင်းပေါက် နှစ်ပေါက်ဆီလောက်ဖောက်၊ မြေကြီးတွေထည့်ပြီး အစေ့/အပင်တွေ စိုက်ပါ။ ကြည့်ကောင်းရှုကောင်းဖြစ်အောင် ဆေးသုတ်အရောင်ခြယ်နိုင်ပါတယ်။ ဒီဘူးတွေကို ပြတင်းတံခါးခုံပေါ်ထားပြီး အလှဆင်နိုင်ပါတယ်။

၎။ ဆွဲချိတ်ရေဘူး ဥယျာဉ်ခြံ

ဒီပန်းခြံကို အသုံးပြုပြီးသား ရေဘူးတွေနဲ့ ဖန်တီးနိုင်ပါတယ်။ ပန်းခြံလေးက တကယ်ရိုးရိုးရှင်းရှင်းလေးပါပဲ။ ရေဘူးရဲ့ တစ်ဖက်ခြမ်းကို ဖြတ်ထုတ်ပြီး မိမိလိုချင်တာလေး စိုက်ဖို့ အသုံးပြုရုံလေးသာ ဖြစ်ပါတယ်။ ဒီဘူးတွေကို နံရံ သို့မဟုတ် ခြံစည်းရိုးပေါ် ချိတ်ဆွဲထားနိုင်ပါတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.