စမတ်ဖုန်း အလွန်အကျွံ သုံးစွဲခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများ

bigstock-at-dinner-young-woman-reading-104838098.jpg
ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့  ဖုန်းတွေနဲ့ အချိန်ဖြုန်းတဲ့ နှုန်းဟာ အရမ်းများနေတယ်ဆိုတာကို လက်ခံပြီး ရင်ဆိုင်ဖို့ လိုပါတယ်။  ဒီ သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာ(ဖုန်း) လေးတွေအပေါ်မှာ ကျွန်ုပ်တို့တွေဘယ်လောက်ထိ မှီခိုနေကြတယ်ဆိုတာကို ပြောရင်လည်း လုံလောက်မှာ မဟုတ်ပါဘူး။ ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့  နေ့စဉ် ဘ၀ လည်ပတ်မှုတွေမှာ ပါဝင်နေပြန်တာကြောင့် ကျွန်ုပ်တို့ဟာ ဖုန်းတွေကို မရှိမဖြစ် လိုအပ်လာကြပါတယ်။
 
Pew သုတေသန တစ်ခုအရတော့ အမေရိကန် ပြည်ထာင်စုမှာရှိတဲ့ လူဦးရေ သုံးပုံနှစ်ပုံဟာ စမတ်ဖုန်းတစ်လုံးစီ ပိုင်ဆိုင်ထားကြပြီး အဲဒီ ဖုန်းပိုင်ဆိုင်တဲ့ လူဦးရေရဲ့  ၄၄ ရာခိုင်နှုန်းကတော့ လက်ထဲမှာ ဖုန်းမရှိပဲ အခြေခံ လုပ်ငန်းစဉ် တစ်ချို့ကိုတောင် လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းသုံးစွဲခြင်းကနေ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တာကိုလည်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ “Text Neck” လို့ခေါ်တဲ့ ဖုန်းကို ငုံ့ကြည့်ရင်း စာရိုက်မှုကြောင့် လည်ပင်းမှာ နာကျင်မှု ဖြစ်တာတွေ ၊ “Text Thumb” လို့ခေါ်တဲ့ ဖုန်းနဲ့ စာရိုက်ရင်း လက်ချောင်းတွေမှာ နာကျင်မှုဖြစ်လာတာတွေ ၊ အစရှိတဲ့ ရောဂါတွေဟာ စမတ်ဖုန်းအလွန်အကျွံ သုံးစွဲတဲ့ လူငယ်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ရောဂါတွေဖြစ်တယ်ဆိုတာကို ဆရာဝန် များစွာက မျက်မြင်သက်သေ ရှိနေပါတယ်။
 
ကလိဗ်လန်း ဆေးခန်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသနအရလည်း သင့်စမတ်ဖုန်းကို ငုံ့ကြည့်သုံးစွဲနေတဲ့အခါမှာ သင့်လည်ပင်းပေါ်ကို ပေါင်၆၀ ခန့်လေးလံတဲ့ ဖိအားတစ်ခုကို ပေးထားသလို ဖြစ်သွားပါတယ်။ အဲဒီကတဆင့် လည်ပင်း ကြွက်သား နာကျင်မှုတွေကို ဖြစ်ပေါ်လာစေသလို အဆုတ်ကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ညဘက် အိပ်ယာဝင်ကာနီး တစ်နာရီ အတွင်းမှာ စမတ်ဖုန်း သုံးစွဲခြင်းဟာလည်း ဘေးထွက် ဆိုးကျိုး တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့လာမှုများစွာက ပြသခဲ့တာကတော့ စမတ်ဖုန်း မျက်နှာပြင်တွေကနေ ထုတ်လွှင့်တဲ့ အပြာရောင် အလင်းစက်တွေကို ညနေခင်းမှာ ထိတွေ့ခြင်းဟာ နှလုံးခုန်နှုန်းကို နှေးကွေးသွား စေပြီး ခန္ဓာကိုယ်အတွင်းက အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို ဖယ်ရှားပစ်လိုက်တယ် ဆိုတာပါပဲ။
 
အဲဒီက တဆင့် လူတွေဟာ အိပ်ပျော်ဖို့ ခက်ခဲလာခြင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချိန် ကြန့်ကြာလာခြင်း တွေကို ဖြစ်ပေါ်လာစေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် သင် သတိရတဲ့အချိန် အခိုက်အတန့်လေးတွေတိုင်းမှာ သင့်ရဲ့  စမတ်ဖုန်းကို လက်ထဲကနေ ဖယ်ရှားထားပြီး ကျန်းမာတဲ့ ဘ၀တစ်ခုကို ဖန်တီးဖို့ လိုအပ်တာတော့ အမှန်ပါပဲ။
 
Ref:elitedaily
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.