Chrome browser ကို အသုံးပြုခြင်းဟာ သင့်လက်ပ်တော့ပ်ရဲ့  ဘက်ထရီသက်တမ်းကို လျင်မြန်စွာ ကုန်ဆုံးစေနိုင်

google-800x399.jpg
သင်ဟာ Google က ထုတ်လုပ်ထားတဲ့ Chrome ဆိုတဲ့ ရှာဖွေရေးအင်ဂျင်(Browser) ကို အသုံးပြုသူတစ်ယောက်ဖြစ်သလို စာမျက်နှာခွဲ(Tab) တွေအများကြီး ဖွင့်ပြီး အသုံးပြုခြင်းကြောင့် စိတ်ဖိစီးမှုတွေခံနေရသူလည်း ဖြစ်တယ်ဆိုရင်တော့ လက်ရှိလေ့လာမှု အသစ်ရဲ့  ရလဒ်တွေကို သင်လေ့လာကြည့်ဖို့ လိုနေပါပြီ။ Chrome နဲ့ သင့် လက်ပ်တော့ပ် ရဲ့  ဘက်ထရီ သက်တမ်းဟာ တိုက်ရိုက် ဆက်နွယ်မှု ရှိနေပါတယ်။
 
Microsoft ကုမ္မဏီက ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ မတူညီတဲ့ Browser အမျိုးမျိုးဟာ သင့်လက်ပ်တော့ပ် ရဲ့  ဘက်ထရီ သက်တမ်းကို ဘယ်လို သက်ရောက်မှု ရှိစေလဲဆိုတဲ့ စမ်းသပ် စစ်ဆေးမှုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီက တဆင့် တွေ့ရှိခဲ့တာကတော့ Chrome ဟာ သင့် လက်ပ်တော့ပ် ရဲ့ ဘက်ထရီ သက်တမ်းကို အခြား Browser တွေထက်ပိုပြီး လျင်မြန်စွာ ကုန်ဆုံးသွားစေတယ်ဆိုတာပါပဲ။
 
အမှန်တစ်ကယ်တော့ Microsoft က ဒီစမ်းသပ်မှုကို ပြုလုပ်ခဲ့တာဟာ သူတို့ကုမ္ပဏီက ထုတ်လုပ်မယ့် Edge ဆိုတဲ့ browser ကို အရောင်းမြှင့်တင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေထဲက တစ်ခုမှာလည်း မတူညီတဲ့ Browser တွေအနေနဲ့ HD အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို Streaming ပြုလုပ်တဲ့အခါ အချိန်ဘယ်လောက် အထိ ကြာတယ်ဆိုတာနဲ့ လက်ပ်တော့ပ် ဘက်ထရီ သက်တမ်း ဘယ်လောက် အထိ ကြာရှည်ခံတယ်ဆိုတာ လည်း ပါဝင်နေတာကိုတွေ့ရပါတယ်။
 
အဲဒီကတဆင့် တွေ့ရှိခဲ့ပြန်တာက Chrome ကို အသုံးပြုပြီး ဗီဒီယို Streaming လုပ်တဲ့ လက်ပ်တော့ပ် တွေဟာ အချိန် ၄ နာရီ နဲ့ ၁၀ မိနစ် အထိသာ ကြာရှည်ခံပြီး Edge အသုံးပြုတဲ့ လက်ပ်တော့ပ် တွေကတော့ ၇ နာရီ နဲ့ ၂၂ မိနစ် အထိ ကြာရှည်ခံတာကိုလည်း တွေ့ရပါတယ်။  ဒီသုတေသန မတိုင်ခင်တုန်းကလည်း Google ကုမ္မဏီ ကိုယ်တိုင်က Chrome ဟာ လက်ပ်တော့ပ် ဘက်ထရီနဲ့ သူငယ်ချင်းကောင်းမဖြစ်နိုင်ဘူးလို့ ဆိုထားဖူးတာကြောင့် ဒီစစ်ဆေးမှုတွေက ထပ်ဆင့် အတည်ပြု ပေးနိုင်ခဲ့တာလို့လည်း ပြောနိုင်မှာပါ။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.