အဖေများနေ့မှာ ဖခင်အကြောင်း မရေးသားခြင်းနဲ့ပတ်သက်ပြီး Michael Jackson ရဲ့  သမီး ဖြစ်သူ ဖြေရှင်း

landscape-1466436966-paris-michael.jpg
ဇွန်လ ၁၉ ရက်နေ့တုန်းက အဖေများနေ့ ဖြစ်ခဲ့တဲ့အတွက် လူမှုကွန်ယက်တွေ ပေါ်မှာ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေ ၊ အနုပညာရှင်တွေ ရဲ့  ပျော်ရွှင်ဖွယ်ရာ အဖေများနေ့ ဖြစ်ပါတယ် ဆိုတဲ့ ပို့စ် ပေါင်းများစွာကို မြင်တွေ့ခဲ့ရမှာပါ။ကမ္ဘာကျော် အနုပညာရှင်တွေကို ဖခင် အဖြစ် တော်စပ်ထားသူတွေ အနေနဲ့လည်း သူတို့ရဲ့ ဖခင်နဲ့ ပတ်သက်တဲ့ ဂုဏ်ပြုမှု တစ်ခုခုကို ရေးသားဖော်ပြကြလိမ့်မယ်လို့ တစ်ကမ္ဘာလုံးက မျှော်လင့်ထားကြမှာပါ။ အဲဒီလိုပဲ Paris Jackson အတွက်တော့ လူမှုမီဒီယာပေါ်မှာ ဖခင်နဲ့ ပတ်သက်တဲ့ တစ်ခုခုကို အဖေများနေ့အတွက် မရေးသားဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်ကြီး Michael Jackson ရဲ့  ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။
 
ဒါပေမယ့် Paris ဟာ သူမရဲ့  ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လူတွေရဲ့  ဝေဖန်မှုကို လက်မခံခဲ့ပါဘူး။သူမဟာ Twitter အကောင့်ကတဆင့် အဖေများနေ့နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ဖြေရှင်းခဲ့ပါတယ်။ “အကယ်၍ သင်ဟာ တစ်စုံတစ်ယောက်ကို အဖေများနေ့အကြောင်း အွန်လိုင်းမှာ ရေးသားတာနဲ့ပတ်သက်ပြီး ဝေဖန်ဖို့ ကြိုးစားမယ်ဆိုရင် ၊ သင့်ကိုယ်သင် ပြန်မေးရမှာက သင့်အပူ ဘာပါလို့လည်းဆိုတာပါပဲ” လို့ Paris က ရေးသားခဲ့ပါတယ်။
 
ဒါ့အပြင် သူမက လူမှုမီဒီယာ အကောင့်မှာ အဖေများနေ့အကြောင်းရေးသားတဲ့ Post တစ်ခုထက် သူမရဲ့  ဖခင်ကိုရည်ညွှန်းထားတဲ့ တက်တူး ၈ ခု လောက် ထိုးထားခြင်းက ပိုအဓိပ္ပာယ်ရှိတယ်လို့လည်း Twitter မှာ ရေးသားထားပြန်ပါတယ်။ Paris Jackson ဟာ သူမရဲ့  ဖခင် Michael Jackson နဲ့ ပတ်သက်ပြီး တက်တူး များစွာ ကို သူမ ခန္ဓာကိုယ်ပေါ်မှာ ဂုဏ်ပြု ရေးထိုးထားသလို သူမရဲ့  Twitter အကောင့် မှာလည်း Michael Jackson ကို သူမက နမ်းနေတဲ့ နောက်ခံ ဓါတ်ပုံ နဲ့ အကောင့်ကို အလှဆင်ထားတာတွေ့ရပါတယ်။
 
Ref:seventeen
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.