Android ဖုန်းကနေ Game Boy အဖြစ် အသွင်ပြောင်းပေးမယ့် စမတ်ဖုန်းကာဗာ

tumblr_inline_o92sejffoz1tr7faa_1280.jpg

April Fool's Day နောက်ပြောင်ကျီစယ်မှုတစ်ခုကနေ မူလဖြစ်ပေါ်တဲ့ ဒီ gadget လေးဟာ သုံးစွဲသူတွေကို Android ဖုန်းကနေ Game Boy ဂိမ်းစက်လေးအဖြစ် မကြာမီ လက်တွေ့ ပြောင်းလဲနိုင်စေမှာ ဖြစ်ပါတယ်။

အမျိုးအစားမတူတဲ့ ပစ္စည်းနှစ်ခုကို ကြားခံဆက်သွယ်ပေးတဲ့ ကိရိယာတချို့က ဂိမ်းသမားတွေကို စမတ်ဖုန်းပေါ် စံချိန်တင်ဂိမ်းအမျိုးအစားများစွာ ဆော့ကစားနိုင်စေတဲ့အချိန်မှာပဲ Smart Boy အနေနဲ့ Nintendo မှ မူရင်း Game Boy ကို အသုံးပြုပါတယ်။ USB ပေါက်ကတဆင့် ချိတ်ဆက်ထားသော ယင်းကိရိယာဟာ လက်နှိပ်ခလုတ်ခုံနဲ့ ထူးခြားတဲ့ဂိမ်းကစားမှု ခံစားချက် သဘာဝကျတဲ့ အထိအတွေ့ရအောင် ခလုတ်ခုံလေးတွေ စီစဉ်ပေးထားပါတယ်။

ယင်းကိရိယာက ဂိမ်းကြိုက်နှစ်သက်သူကို Game Boy နဲ့ Game Boy Color ကက်ထရစ် နှစ်ခုလုံး ရရှိစေနိုင်ပြီး Donkey Kong၊ The Legend of Zelda နဲ့ Super Mario Land စတဲ့ နာမည်ကြီးဂိမ်း အမျိုးအစားတွေ ကစားခွင့် ရရှိစေမှာပါ။Nintendo က သူ့မူလ 8-bit Game Boy ကို လွန်ခဲ့တဲ့ ၁၉၈၉ မှာ စတင်ဖြန့်ဖြူးခဲ့ပြီး ၂၀၀၃ မှာ အပြီးသတ် မရပ်နားခင်အချိန်ထိ ၁၈၈ မီလျှံရောင်းချခဲ့ပါတယ်။

Hyperkin ကနေ ထုတ်လုပ်တဲ့ Smart Boy Development Kit ကို ဒေါ်လာ ၆၀ ဈေးနှုန်းနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်ပါတယ်။ 

Ref: Yahoo  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.