SanDisk ရဲ့ ကြိုးမဲ့ WiFi စနစ်သုံး Memory Stick

f5c39512-4dae-4803-8684-a2548cf726eb.jpg
ဒီ SanDisk Connect Wireless Stick အသစ်မှာ သိုလှောင်နိုင်စွမ်း 128GB ထိ၊ အဆင့်မြင့် app တစ်ခုနဲ့ ကျစ်လစ်တဲ့ ဒီဇိုင်းအသွင် ပါရှိပါတယ်။ USB အပေါက်ထိုးစရာမလိုပဲ မျှဝေလိုတဲ့ ဓာတ်ပုံ၊ ဗွီဒီယို သို့မဟုတ် တခြားဘယ်ဖိုင်မဆို သိုလှောင်သိမ်းဆည်းမယ့် နေရာအသင့်ဖြစ်အောင် ပြောင်းလဲ ပုံဖော်ထားပါတယ်။ သိုလှောင်နိုင်စွမ်း တိုးမြင့်ခြင်းဖြင့် ယင်း SanDisk Connect Wireless Stick ဟာ အရင်မော်ဒယ်လ်ဟောင်းတွေနဲ့ယှဉ်ရင် ဒေတာအချက်အလက်တွေ ပိုထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ 
 
SanDisk Connect Wireless Stick ဟာ စမတ်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အိမ်မှာပဲ ထားထားပြသနာမရှိပါ။ ဒေတာတွေ ကူးပြောင်းရယူနိုင်ပါတယ်။ ဗွီဒီယို၊ သီချင်းနဲ့ ဓာတ်ပုံတွေ ယင်းကိရိယာကနေ စီးဆင်းစေနိုင် ပြီး တစ်ကြိမ်မှာ သုံးခုသာ ရယူနိုင်ပါတယ်။ SanDisk Connect Wireless Stick က တစ်ခါအားသွင်းရုံနဲ့ ဆက်တိုက် ၄ နာရီခွဲကြာ အသုံးပြုနိုင်ပါတယ်။ USB ပေါက်မှာ ချိတ်ဆက်ပေးခြင်းက ဖိုင်တွေကို မြန်ဆန်စွာ ကူးပြောင်းသိမ်းဆည်းစေပေးပါလိမ့်မယ်။ 
 
SanDisk ကနေ SanDisk Connect app တစ်ခု စီစဉ်ပေးထားပါတယ်။ ချိတ်ဆက်သုံးစွဲနိုင်တဲ့ စက်အမျိုးအစားတွေထဲမှာ iOS စက်၊ Android စက်၊ Fire tablet၊ Macs နဲ့ PC တို့ ပါဝင်ပါတယ်။ ဒီ WiFi ချိတ်ဆက်မှုအားလုံးကို password ခံထားနိုင်ပါတယ်။ App ကိုတော့ AppStore, Google Play Store, Amazon Appstore နဲ့ Windows Store တွေကနေတဆင့် ဝယ်ယူရရှိနိုင်ပါတယ်။ App က ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အလိုအလျောက် back up လုပ်ပေးမှာ ဖြစ်ပါတယ်။ 
ယင်း SanDisk Connect Wireless Stick မှာ တစ်နှစ်အာမခံ ပါရှိပြီး ဈေးနှုန်းက သိုလှောင်နိုင်စွမ်း 16GB, 32GB, 64GB, 128GB တွေဟာ ဒေါ်လာ ၃၀ ကနေ ဒေါ်လာ ၁၀၀ အထိအသီးသီး ရှိပါတယ်။ 
 
Ref:news.softpedia
 
 
 
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.