ဒဏ်ရာများကြောင့် အသက်(၃၀)အရွယ်တွင် ဗြိတိန်တင်းနစ်မယ်အယ်လီနာဘဲလ်တက်ချာအနားယူသွား

news_d3.jpg

ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားဘ၀တွင်  အမြင့်မားဆုံးအဖြစ် ကမ္ဘာ့အဆင့်(၄၉)သို့ ၂၀၁၀ပြည့် နှစ်တွင်ရောက်ရှိခဲ့ဖူးပြီး ယခုဆိုလျှင်မူ ဒဏ်ရာပြသနာများကြောင့် အဆင့်(၂၀၀)အတွင်းပင် မ၀င်နိုင်တော့ သူ စကော့တလန်တင်းနစ်မယ် အယ်လီနာဘဲလ်တက်ချာမှာ ယခုဆိုလျှင် တင်းနစ်ကစားခြင်းမှ      အနားယူလိုက် ပြီဖြစ်ကြောင်း သိရသည်။ အယ်လီနာမှာ ယူကရိန်းဇာတိဖြစ်ပြီး ငယ်စဉ်ကလေးဘ၀တွင် ရုရှားပြည်ထောင်စု ကိုကိုယ်စားပြုသော ဖခင်ပရော်ဖက်ရှင်နယ်ဘောလုံးသမားဆာဂျီနှင့်အတူ အင်္ဂလန်သို့ရောက်ရှိလာခဲ့သည်။  ထို့နောက်ပိုင်းတွင် စကော့တလန်နိုင်ငံသို့ ပြောင်းခဲ့ကြပြီး အယ်လီနာမှာ ထိုနိုင်ငံတွင်ကြီးပျင်းလာခဲ့သည်။

“ဒီအချိန်ဟာ အသင့်တော်ဆုံးအချိန်လို့ပဲ ကျွန်မယူဆပါတယ်။ (၁၆)နှစ်တာကာလအတွင်းမှာ ကျွန်မရဲ့တစ် ကိုယ်လုံးဒဏ်ရာတွေရခဲ့ပြီး အဲဒါတွေက အခုစကားပြောလာကြပါပြီ။ ကျွန်မရဲ့တင်းနစ်ကစားသက်တစ်လျှောက် အနိမ့်အမြင့်အတက်အကျများစွာ ကြုံခဲ့ရပြီးပြီလေ။ ဒါတွေကို ဆက်ကြုံချင်သေးပေမယ့် ကျွန်မရဲ့ကိုယ်နဲ့စိတ်က လက်မခံကြတော့ပါဘူး။ အခုချိန်ဟာ ဘ၀စာမျက်နှာသစ်ကို ဖွင့်ရမယ့်အချိန်ပါပဲ”ဟု အယ်လီနာက ပြောခဲ့သည်။ အယ်လီနာမှာ (၁၆)နှစ်တာကာလအတွင်း ITF ချန်ပီယံဆုဖလား(၁၁)ကြိမ်ရရှိခဲ့ဖူးပြီး နှစ်ဦးတွဲ ပြိုင်ပွဲများတွင်လည်း (၄)ကြိမ်ဗိုလ်စွဲခဲ့ဖူးသည်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.