သာမန်ထက် ဥာဏ်ပိုကောင်းတဲ့သူတွေလို့ သိစေနိုင်တဲ့ အမှတ်အသားများ

1200x600_1.jpg
သိပ္ပံပညာက ကျွန်မတို့ရဲ့ ဥာဏ်ရည်ဘယ်လောက်ရှိတာ ဘယ်နည်းတွေကို အသုံးပြုရင် ဘယ်လိုအကျိုးဆက်တွေရမယ် ဘယ်လို အနေအထိုင်အပြုအမူတွေက ဥာဏ်ရည်ကို တိုးတက်စေတယ် ဆုတ်ယုတ်စေတယ်ဆိုတာတွေသိရှိအောင် ပြုလုပ်ပေးပြီး ပိုပြီး ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေဖြစ်လာစေဖို့ အထောက်အကူပြုလှပါတယ်။ သိပ္ပံပညာအရ ပုံမှန်ဥာဏ်ရည်ထက် ပိုမြင့်တယ်လို့ သတ်မှတ်နိုင်တဲ့ အမှတ်အသားတွေရှိပါတယ်တဲ့။ ဒီအမှတ်အသားတွေကတော့ –
 
၁)အရပ်ပိုရှည်တယ်– ပရင့်စတန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ အရပ်ရှည်တဲ့သူတွေက တကယ်ပဲ ပိုတော်ပါတယ်တဲ့။ အသက် ၃ နှစ် အရွယ်မှာတောင် အရပ်ရှည်တဲ့ ကလေးငယ်တွေက အလိုအလျောက်သိစိတ်စစ်ဆေးမှုတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖြေဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။
 
၂)ကြောင်တစ်ကောင် ပိုင်ဆိုင်ထားတတ်တယ် – ၂၀၁၄ ခုနှစ် လေ့လာမှုအရ ကြောင်ချစ်သူတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တဲ့ လူအများစုက ပိုပြီး ဥာဏ်ကောင်းတာကိုတွေ့ရပါတယ်။ ဥာဏ်ကောင်းတဲ့သူတွေက အများအားဖြင့် တစ်ကိုယ်တည်းနေတတ်ကြတဲ့ အကျင့်ရှိပြီး ဝါသနာတစ်ခုခုကို လုပ်နေတတ်ကြပါတယ် ။ ကြောင်ချစ်သူတွေကလည်း တစ်ကိုယ်တည်းနေတတ်သူတွေဖြစ်တာကြောင့် အချစ်တော် ကြောင်တစ်ကောင်မွေးတာက ဥာဏ်ရည်မြင့်တဲ့ လက္ခဏာလို့ ဆိုတာဖြစ်နိုင်ပါတယ်။
 
၃)ဘယ်သန်ဖြစ်တာ – ဘယ်သန်တွေက ဖြန့်ကျက်စဉ်းစားနည်းမျိုးကို စဉ်းစားတတ်ကြပြီး ထူးခြားတဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဝတ္ထုရေးတာလို ဖန်တီးနိုင်စွမ်းရှိတဲ့ အလုပ်တွေကို လုပ်နိုင်ကြတယ်လို့ ဆိုပါတယ်။
 
၎)ခန္ဓာကိုယ် ပိန်ပါးတာ – ၂၀၀၆ ခုနှစ်ပြင်သစ်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ ခန္ဓာကိုယ် သွယ်လျပိန်ပါးလေ ကျန်းမာရေးကောင်းလေဖြစ်ပြီး စိတ်ခွန်အားလည်း ပိုကောင်းတဲ့သူတွေဖြစ်တာကို သိရှိခဲ့ကြပါတယ်။ ပိန်တဲ့သူတွေက ဝတဲ့သူတွေထက် ဝေါဟာရစစ်ဆေးမှုတွေမှာ ပိုပြီးထူးချွန်တာကို တွေ့ရှိရပါတယ်။
 
၅)ဆေးလိပ်သောက်တတ်သူတစ်ယောက် မဟုတ်ဘူး – ဆေးလိပ်သောက်တဲ့သူတွေက ဆေးလိပ်မသောက်တဲ့ လူတွေထက် IQ အနည်းငယ်နိမ့်တာကို တွေ့ရပါတယ်။ ၂၀၁၀ခုနှစ်က လူငယ်ပေါင်း ၂၀၀၀၀ကျော်ကို လက်တွေ့လေ့လာခဲ့တဲ့ ရလဒ်အရ သိရခြင်းဖြစ်ပါတယ်။
 
၆)တူရိယာ တစ်ခုခုတီးမှုတ်တတ်ခြင်း – ငယ်စဉ်ကတည်းက တူရိယာတစ်ခုခုတီးတတ်တဲ့သူတွေကို အထူးသဖြင့် ရည်ညွှန်းပါတယ်။ ၂၀၁၁ ခုနှစ် လေ့လာတွေ့ရှိမှုအရ အသက် ၄-၆ နှစ်အရွယ်ကလေးငယ်တွေက တူရိယာတစ်ခုခုကို တီးတတ်ပြီး ၁လလောက်အကြာမှာ စကားပြောကျွမ်းကျင်မှု တိုးတက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။
 
Ref:higherperspectives
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.