အောင်မြင်သူတိုင်း မနက်အိပ်ယာနိုးနိုးချင်းမှာ လုပ်လေ့ရှိတဲ့ အမူအကျင့် ( ၆ ) ခု

before_8am.jpg
သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုမှာ အောင်မြင်ဖို့ ကြိုးစားနေကြသူတွေ ညဉ်းညူ ပြောဆိုလေ့ရှိတာက တစ်နေ့ကို တစ်နာရီလောက် အချိန်ပိုရရင် သိပ်ကောင်းမယ်ဆိုတဲ့ စကားပါ။ ၂၁ ရာစု ရဲ့  လူနေမှုပုံစံတွေအရတော့ မနက်စောစောထတာဟာ အခက်ခဲဆုံး အလုပ်တစ်မျိုးပါ။ အချိန်မလောက်ငှ ရခြင်း ရဲ့  အဓိက အကြောင်းအရင်းက မနက်အိပ်ယာထချိန်ပဲ ဖြစ်ပါတယ်။ လေ့လာမှုများစွာကလည်း လူတစ်ယောက်ရဲ့  ဥာဏ်ကွန့်မြူးမှု အကောင်းဆုံး အချိန်က မနက်ပိုင်းပဲ ဖြစ်တယ်လို့ ပြသခဲ့ဖူးပါတယ်။ ဒါဆို မနက် အစောကြီးထ ပြီး ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ကမ္ဘာပေါ်မှာ အောင်မြင်နေသူတိုင်း မနက်စောစောမှာ လုပ်လေ့ရှိတဲ့ အမူအကျင့်နဲ့ လုပ်ရပ် အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
 
၁။ လှုပ်ရှားမှုပြုပေးပါ
တစ်နေ့တာ အတွက် လုပ်စရာတွေ အများကြီး မရောက်လာခင်မှာ သင့်ခန္ဒာကိုယ်ကို လှုပ်ရှားပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးပေါ့။ တစ်နေ့ကို မိနစ် ၂၀ လောက် ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ပြီး နေ့တစ်နေ့ကို စတင်လိုက်ခြင်းဖြင့် တစ်နေ့တာလုံးမှာ ဥာဏ်ကွန့်မြူးမှုတွေဖြစ်ပေါ်နေစေမယ့် ဦးနှောက်ရဲ့  Endorphin ဓါတ်ကိုလည်း များစွာ ဖြစ်ပေါ်လာစေမှာပါ။
 
၂။ တရားထိုင်ပေးပါ
သင်ဟာ မနက်စောစော ထလိုက်ရပေမယ့်လည်း အိပ်စက်ခြင်းနဲ့ သဏ္ဍာန်တူပြီး ဆိတ်ငြိမ်စွာ အသက်ရှုရတဲ့ တ၇ားထိုင်ခြင်းကို မိနစ်အနည်းငယ်လောက် ကြိုးစားကြည့်ပါ။ တရားထိုင်ခြင်းဟာ ၀င်လေ ၊ ထွက်လေ ကို မှတ်သားပြီး စိတ်ရဲ့  တည်ငြိမ်မှု ၊ အာရုံစူးစိုက်နိုင်မှုတို့ကို ဖြစ်ပေါ်လာစေတာကြောင့် တစ်နေ့တာလုံးမှာ သင်ဟာ စိတ်တည်ငြိမ်စွာ အလုပ်တွေ လုပ်နေနိုင်မှာ ဖြစ်ပါတယ်။
 
၃။ ရေသောက်ပါ ၊ တစ်ခုခု စားပါ
ဒါဟာ ရိုးရှင်းပါတယ်။ အိပ်ယာနိုးနိုးချင် တစ်နာရီအတွင်းမှာ အစာ စားခြင်း ၊ ရေသောက်ခြင်းတို့ဟာ သင့် ခန္ဓာကိုယ်နဲ့ စိတ်အာရုံကို အောင်မြင်မှုဆီ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ ဆာလောင်မှုမရှိ ပဲ ရေဓါတ်ပြည့်ဝနေတဲ့ ရုပ်ခန္ဓာဟာ စိတ်ရဲ့ ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။ 
 
၎။ အကောင်းမြင်စွာ နေထိုင်ပါ ၊ ရည်မှန်းချက်တွေ ထားပါ
သင့် အလုပ်အကိုင်တစ်ခုရဲ့  အောင်မြင်မှု ပန်းတိုင်တွေကို ရောက်အောင်သွားဖို့ ရည်မှန်းချက်တွေကို အချိန်နဲ့ပိုင်းခြားပြီး တစ်ခုချင်း သတ်မှတ်ထားပါ။ အဲဒီရည်မှန်းချက် တစ်ခုချင်းစီကို ဒီနေ့မှာ ဘယ်လို ပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတဲ့ အကောင်းမြင်အတွေးနဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။
 
၅။ မဟာဗျူဟာတွေ ရေးဆွဲပါ
အောင်မြင်မှုပန်းတိုင်ဆီ သွားတဲ့ လမ်းမှာ စိန်ခေါ်မှု တွေက ဒုနဲ့ဒေး ပါပဲ။ အဲဒီလို စိန်ခေါ်မှုတိုင်းကို ကြုံသလို ဖြေရှင်းတာဟာ အောင်မြင်သူတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အောင်မြင်သူတစ်ယောက်ဟာ စိန်ခေါ်မှုတိုင်းကို မဟာဗျူဟာ မြောက်စွာ ဖြေရှင်းတတ်ကြပါတယ်။
 
၆။ အခက်ခဲဆုံးအလုပ်ကို အရင်လုပ်ပါ
လူတွေဟာ အလုပ်တွေအများကြီး ရောက်လာတဲ့အခါ အသေးဆုံးနဲ့ အလွယ်ဆုံး အလုပ်ကို အရင်ပြီးစီးအောင် လုပ်လေ့ရှိကြပါတယ်။ အလွယ်ဆုံး အလုပ်ကိုလုပ်ရင် အမြန်ဆုံး ပြီးသွားနိုင်ပေမယ့် အခက်ခဲဆုံးအလုပ်ကို အရင်လုပ်နိုင်လိုက်ခြင်းဟာ တစ်နေ့တာလုံးအတွက် စိတ်ခံစားချက်တွေကို မြှင့်တင်လိုက်တာနဲ့ တူတူပါပဲ။
 
Ref:yourtango
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.