နေ့ဘက် အချိန်ကြာမြင့်စွာ တစ်မှေးအိပ်ခြင်းက အန္တရာယ်ဖြစ်စေနိုင်

nap_2278218b.jpg

လုပ်ငန်းခွင် သို့မဟုတ် အလုပ်အားနေရင်းစပ်ကြား တစ်မှေးအိပ်ခြင်းက မျိုးပွားနိုင်စွမ်း ပိုမိုအားကောင်းစေကြောင်း ယခင်က သိနားလည်ထားပါတယ်။ ဒါပေမယ့် အမေရိကန် နှလုံးရောဂါကုထုံးဆိုင်ရာ ကောလိပ် American College of Cardiology ရဲ့ (၆၅) နှစ်မြောက် နှစ်စဉ်သိပ္ပံဘာသာရပ်ဆိုင်ရာ အစည်းအဝေးမှာ တင်ဆက်ထားသော Dr Tomohide Yamada မှ ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ခုက နေ့ဘက် မိနစ် ၄၀ ထက်ပိုပြီး တစ်မှေးအိပ်ခြင်းက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါ အန္တရာယ်တွေ ပိုများစေကြောင်း သတိပေးထားပါတယ်။

Yamada ရဲ့ သုတေသနက ကမ္ဘာတစ်ဝှမ်း လူ ၃၀၀,၀၀၀ ကျော်ဆီက ဒေတာအချက်အလက်ကို ယူပြီး အသေးစိတ်စစ်ဆေးလေ့လာမှုက နေ့ဘက် အလွန်အကျွံအိပ်တာ ဆီးချိုရောဂါအန္တရာယ်ဖြစ်နိုင်ခြေ ၅၀% ပိုမိုများစေကြောင်း ဖော်ပြခဲ့ပါတယ်။

မိနစ် ၃၀ ထက်မပိုဘဲ တစ်မှေးအိပ်ခြင်းမှာ ဒီအချက်တွေအပေါ် အကျိုးသက်ရောက်မှုမရှိပေမယ့် နာရီဝက်ပိုကြာပါက နှလုံးသွေးကြောရောဂါ အန္တရာယ်ဖြစ်နိုင်ခြေအမှတ်ဆီ ချက်ချင်းတက်သွားပါတယ်။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.