Facebook Messenger မှာ လျို့ဝှက်ထားတဲ့ ဂိမ်းလေး ကစားကြမယ်

1466081957-1821.jpg

ဖေ့စ်ဘွတ်ခ်က မိုဘိုင်းလ် Messenger feature ထဲ လျို့ဝှက်ထားတဲ့ ဘောလုံးဂိမ်းကစားနည်းအသစ်တစ်ခု ဖန်တီးထားပါတယ်။

Euro 2016 ဘောလုံးပြိုင်ပွဲနဲ့ တစ်ချိန်တည်းကျရောက်အောင် ဒီဂိမ်းကို iOS နဲ့ Android နှစ်ခုလုံးအတွက် မိုဘိုင်းလ် messenger app ပေါ် တစ်ကမ္ဘာလုံး ဖြန့်ချိထားပါတယ်။ အဲဒါကို (၃) လအတွင်း အကြိမ်ရေ ၁ ဘီလျှံကျော်ကစားထားသော ယင်းဝန်ဆောင်မှုပေါ်ရှိ အလားတူ ဘတ်စကက်ဘောစကားနည်း ဖြန့်ချိပြီးနောက် ဆက်တိုက်ထွက်ရှိလာခြင်း ဖြစ်ပါတယ်။

Facebook မှာ Messenger ဌာနကို ဦးဆောင်တဲ့ David Marcus က March Madness နဲ့ NBA season အတွက် ဖန်တီးထားတဲ့ ကျွန်ုပ်တို့ Messenger ဂိမ်း (ဘတ်စကက်ဘော အီမိုဂျီ) လေးဟာ ၃ လအတွင်း ၁ ဘီလျှံကျော် ကစားထားကြောင်း ဖော်ပြရေးသားခဲ့ပါတယ်။ ဒါကို အရမ်းသဘောကျနေကြပြီး အခုအခါမှာ Euro 2016 & Copa America ရာသီဖြစ်လို့ Football emoji လေးတွေလည်း ထွက်ရှိလာပါပြီ။

ကစားနည်း

၁။ မိမိစမတ်ဖုန်းမှာ Messenger နောက်ဆုံးဗားရှင်း update လုပ်ထားရပါမယ်။

၂။ Football emoji ရွေးချယ်ပြီး friend တစ်ယောက်ယောက်ဆီပို့ပါ။

၃။ Chat ထဲက icon ကို တို့ရပါမယ်။

၎။ Good Luck! ဆိုပြီး ဂိမ်းလေး ပေါ်လာပါလိမ့်မယ်။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.