သင့်အရေပြားပေါ်က တက်တူးပုံအဟောင်းတစ်ခုကို ပြန်လည်ဖုံးအုပ်မှု(Cover Up) လုပ်ဖို့ ဘယ်လို စဉ်းစားမလဲ

f2e2aa61e6a30241f5de67e4b64baa44.jpg
ပြန်လည်ဖုံးအုပ်ပြီး ဆန်းသစ်ထားတဲ့ Cover Up တက်တူးတွေဟာ လေဆာနဲ့တက်တူးဖျက်ခြင်းရဲ့  ရေပန်းစားတဲ့ ကွဲပြားခြားနားမှု တစ်ခုဖြစ်သလို သင်မလိုချင်တော့တဲ့ သင့်အရေပြားပေါ်က တက်တူးဒီဇိုင်းတစ်ခုအတွက် အကောင်းဆုံး အဖြေလည်း ဖြစ်ပါတယ်။ သင်ဟာ သင့်အရေပြား ပေါ်က တက်တူးပုံ တစ်ပုံကို Cover Up လုပ်တော့မယ် ဆိုရင်တော့ အောက်ပါ အကြံပြုချက်လေးတွေကို အရင်ဆုံး စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။
 
၁။ Cover Up တက်တူးအတွက် စဉ်းစားတွေးခေါ်ပါ
 
တက်တူးပုံတိုင်းကိုတော့ အောင်မြင်စွာ Cover Up လုပ်နိုင်မှာ မဟုတ်ပါဘူး။ တက်တူးဆရာ တစ်ယောက်ဟာ နဂိုရှိပြီးသား ဖန်တီးမှုတစ်ခုကို လိုက်ဖက်ညီစွာ ပြောင်းလဲနိုင်မယ့် (သို့) လုံလောက်စွာ ဖုံးအုပ်နိုင်မယ့် တက်တူးဒီဇိုင်း အသစ်တစ်ခုကို ဖန်တီးတဲ့အခါမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။ သင့်အရေပြားပေါ်က တက်တူးအဟောင်းရဲ့  အရွယ်အစား နဲ့ အရောင်ပေါ်မူတည်ပြီးတော့ တက်တူးဆရာဟာ Cover Up လုပ်မယ့် တက်တူးဒီဇိုင်းရဲ့  အရွယ်အစားကို တိုးချဲ့လိုက်ရသလို တက်တူးမှင်ရည် ရဲ့  သိပ်သည်းမှုကိုလည်း မြှင့်တင်ရပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ သင့်တက်တူးအဟောင်းက လုံးဝ ကောင်းမလာတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။
 
[[{“fid”:”16994″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
၂။ တက်တူးဆရာတစ်ယောက်ကို ရွေးချယ်ပါ
 
Cover Up အပိုင်းမှာ ကျွမ်းကျင်တဲ့ တက်တူးဆရာတစ်ယောက်ဟာ သူထိုးပေးထားတဲ့ တက်တူးတွေရဲ့  မထိုးခင်နဲ့ ထိုးပြီး မှတ်တမ်းမျိုး တွေ ရှိထားဖို့ လိုအပ်ပါတယ်။ အဲဒီလို တက်တူးဆရာတစ်ယောက်ကို မေးမြန်းပြီးရှာဖွေကြည့်ပါ ၊ ဒါမှမဟုတ်လည်း အချက်အလက်တွေ စုဆောင်းပြီး ရှာဖွေကြည့်ပါ။ အဲဒီလို သင့်တော်မယ့် တက်တူးဆရာတစ်ယောက်ကို တွေ့ရင် သူ့ရဲ့  တက်တူးဆိုင်ကိုသွားရောက်ပြီး ပွင့်ပွင့်လင်းလင်း ၊ ယုံယုံကြည်ကြည် သွားရောက်တိုင်ပင်ပါ။ ပရော်ဖက်ရှင်နယ် တက်တူးဆရာတစ်ယောက်ဟာ သင့်ရဲ့  တက်တူးအဟောင်းကို တွေ့တာနဲ့ အကောင်းဆုံးရလဒ်တွေ ဖြစ်လာစေမယ့် Cover Up တက်တူး ဒီဇိုင်း ရွေးချယ်ခွင့်တွေကို စဉ်းစားပေးပါလိမ့်မယ်။
 
၃။ တက်တူးအဟောင်းကို ဖြည့်စွက်ပြီး Cover Up လုပ်လို့လည်း ရပါတယ်
 
တက်တူးပုံတွေ Cover Up လုပ်တဲ့နေရာမှာ ဖြည့်စွက်ပြောစရာရှိတာက တက်တူးအဟောင်း တစ်ခုကို အနည်းငယ် ပြောင်းလဲ ဖန်တီးလိုက်ခြင်းဟာလည်း သင့်အရေပြားပေါ်က ပန်းချီလက်ရာတွေကို ဆန်းသစ်သွားစေတာတွေရှိပါတယ်။ ဥပမာ အရောင်မရှိတော့တဲ့ သက်တမ်းလွန် တက်တူးအဟောင်းကို အရောင်တွေနဲ့ ပြန်လည်ဆန်းသစ်လိုက်ရုံနဲ့ သင့်တက်တူးအဟောင်းဟာ ပြန်လည် လှပသွားနိုင်ပါတယ်။ ပြီးတော့ အဲဒီတက်တူးအဟောင်း တစ်ဝိုက်မှာ အရိုးခေါင်း ၊ အမည် ဒါမှမဟုတ် သံလျက် စတဲ့ လိုက်ဖက်ညီတဲ့ တက်တူးဒီဇိုင်းတစ်ခုကို ဖြည့်စွက်လိုက်နိုင်ပါတယ်။ 
 
၎။ မူလ တက်တူးအဟောင်းရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကို သဘောကျဖို့တော့လိုပါတယ်
 
သင်ဟာ တက်တူးအဟောင်းကို ဒီဇိုင်းအသစ်တစ်ခုနဲ့ လုံးဝဖုံးအုပ်လိုက်သည်ဖြစ်စေ ၊ ရှိပြီးသား ဒီဇိုင်းကို ပဲ ပြန်လည် ဆန်းသစ်လိုက်သည်ဖြစ်စေ ၊ Cover Up လုပ်တော့မယ်ဆိုရင်တော့ ထို Cover Up လုပ်မယ့် တက်တူးအဟောင်း တည်ရှိနေတဲ့ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း နေရာကိုတော့ သင့်အနေနဲ့ သဘောကျဖို့ လိုအပ်ပါတယ်။ Cover Up တက်တူးထိုးမယ် ဆိုရင်တော့ မူလရှိပြီးသား တက်တူးပုံထက် ပိုကြီးတဲ့ တက်တူးဒီဇိုင်းကို အသုံးပြုရမှာပါ။ သင့် တက်တူးအဟောင်းတည်ရှိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို သင်ကိုယ်တိုင် သဘောမကျရင် ဖုံးအုပ်လိုက်တဲ့ တက်တူး အပေါ်မှာလည်း သင်သဘောကျမှာ မဟုတ်ပါဘူး။
 
Ref:tattoo
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.