ဆယ်ကျော်သက်များ အိပ်ချိန်ပိုဖို့ ကျောင်းတက်ချိန်နောက်ကျမှစရန် ဆရာဝန်များတောင်းဆို

teen-sleeping-school-750x500.jpeg

အမေရိကန်နိုင်ငံ ဆေးကုသမှုဆိုင်ရာ အဖွဲ့အစည်း AMA မှ ဆယ်ကျော်သက်များ အိပ်ချိန်ပိုမိုရစေဖို့ ကျောင်းချိန် နောက်ကျမှ စတင်ဖို့ အကြံပြုထားတဲ့ ပေါ်လစီသစ်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

AMA က အလယ်တန်းနဲ့ အထက်တန်းကျောင်းများ မနက် ၈ နာရီခွဲ သို့မဟုတ် အဲဒီထက်နောက်ကျပြီးမှ စတင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အပျိုဖော်ဝင်ချိန်က ဆယ်ကျော်သက်တွေမှာ အိပ်ယာဝင်ချိန်နဲ့ မနက်အိပ်ယာထချိန် နောက်ကျမှုဖြစ်စေတဲ့ ခန္ဓာကိုယ် အပြောင်းအလဲ ရှိတာကြောင့်လို့ ဆိုပါတယ်။

အိပ်ချိန်အလုံအလောက်မရှိခြင်းက ဆယ်ကျော်သက်တွေကို ထိခိုက်စေပြီး စိတ်၊ ခန္ဓာကိုယ်နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်စေတဲ့ ဖြစ်ပွားနေဆဲ ပြည်သူ့ကျန်းမာရေးပြသနာတစ်ရပ် ဖြစ်ကြောင်း AMA ဘုတ်အဖွဲ့ဝင် William E. Kobler က AMA ရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။ ဆယ်ကျော်သက်တွေကို သင်လျှော်တဲ့ အိပ်ချိန်ပိုပေးခြင်းက ကျန်းမာရေး၊ ပညာရေး၊ အမူအကျင့်နဲ့ ဘဝနေထိုင်မှုတွေမှာ ပိုမိုတိုးတက်မှု အကျိုးရလဒ်ရရှိစေကြောင်း သိပ္ပံနည်းကျအထောက်အထားက ခိုင်မာစွာ ဖော်ပြထားပါတယ်။

ဆယ်ကျော်သက်များ တစ်ညအိပ်ချိန် ၈.၅ နာရီကနေ ၉.၅ ကြားရရှိရန် American Academy of Pediatrics (AAP) မှ အကြံပြုထောက်ခံထားပါတယ်။ 

Ref: Simplemost 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.