အဆိုတော်မလေး Taylor Swift ဟာ ရူးမိုက်တဲ့ အချစ်ကြောင်းကိုသာသီချင်းရေးတာဖြစ်ပါတယ်။
‘I Knew You Were Trouble’ သီချင်းရဲ့အဆိုတော်ဖြစ်တဲ့ Taylor Swift ဟာသူ့ရဲ့ ချစ်သူဟောင်းတွေနဲ့အကြောင်းအရာတွေကို ရေးထားတဲ့ သီချင်းတွေ နဲ့နာမည်ကြီးတာဖြစ်ပါတယ်။ သူဟာ နာမည်ကြီးတွေဖြစ်တဲ့ Jake gyllenhaal, John Mayer, Harry Styles တို့နဲ့ချစ်သူတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ် တစ်ခုခုကိုချရေးတော့မယ်ဆိုရင် အဓိပ္ပါယ်ပြည့်ဝတဲ့အချစ်ဇာတ်လမ်းဖြစ်ရမှာဖြစ်ကြောင်း သီချင်းထဲထည့်မရေးချင်တဲ့ယောင်္ကျားတွေ အများအပြားရှိကြောင်းပြောလိုက်ပါတယ်။
“ကျွန်မ ရူးမိုက်တဲ့အချစ်အကြောင်းပဲသီချင်းရေးပါတယ်။ ယောင်္ကျားတစ်ယောက်နဲ့နှစ်ခါ date လုပ်ပြီး နှစ်ယောက်သိပ်အဆင်မပြေဘူးဆိုရင် အဲဒီ့အကြောင်းသီချင်းမရေးပါဘူး” လို့ New York မဂ္ဂဇင်းကိုပြောပြပါတယ်။
အသက် ၂၃နှစ်ရှိပြီဖြစ်တဲ့ Country အဆိုတော်မလေးဟာ သူ့ရဲ့ချစ်သူဟောင်းတွေအကုန်လုံး ကတော့သူ့ရဲ့ဂီတအပေါ်သက်ရောက်မှုရှိတာမဟုတ်ပါဘူးလို့ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့နောက်ဆုံးအခွေကတော့ သူ့ရဲ့ချစ်သူဟောင်း မင်းသား Jake Gyllenhaal ရဲ့အကြောင်းလို့ယူဆရပြီး အကောင်းမြင်ထဲ့ဖက်ကရေးထားတာဖြစ်ပါတယ်။
‘Red’ သီချင်းရေးရာမှာရည်ရွယ်တဲ့ သူဆီကကျွန်မပြန်ကြားရတယ်။ သူပြောတာက ဒီအခွေကိုနာထောင်ပြီးပါပြီ။ ပြီးတော့ ဒါဟာသူ့အတွက် အကောင်းအဆိုးရောနေတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဓါတ်ပုံ album တစ်ခုကိုပြန်ကြည့်ရသလိုပဲလို့”ပြောကြောင်း Taylor ကပြန်ပြောပြပါတယ်။
ဒီ Pop မင်းသမီးဟာ ကျောင်းမှာလူစိတ်ဝင်စားမှုနည်းပါးခဲ့တာက ဂီတလုပ်ငန်းလုပ်ဖို့ တွန်းအားဖြစ်ကြောင်းပြောပြပါတယ်။
“ငယ်ငယ်တုန်းက စိတ်ကူးယဉ်ရတာကျွန်မရဲ့နံပါတ် ၁ အလုပ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ အပေါင်းအသင်း ကဏ္ဍများများစားစား မရှိခဲ့လို့ပါ။ စနေနေ့ညမျိုးမှာ ကျွန်မနဲ့အတူအချိန်ကုန်ဆုံးချင်တဲ့ လူ ၁၄၀၀၀ အမြဲတမ်းမရှိခဲ့ပါဘူး။
တကယ်ကို ကြီးကျယ်တဲ့ စင်မြင့်ပေါ်မှာရပ်ပြီး လူပေါင်းများစွာအတွက် သီချင်းဆိုရတာဘယ်လိုနေမလဲလို့ ကျွန်မအမြဲတမ်းစိတ်ကူးယဉ်လာခဲ့ရတာပါ” လို့ Taylor Swift ကဆိုပါတယ်။
Ref:starpulse