မွေးဖွားလာမယ့် ရင်သွေး ပိုမိုသေးငယ်စေရန် သြစတြေးလျ ဆယ်ကျော်သက်တွေ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သုံးနေကြဟု ဆို

web-smoking-mothers-pa.jpg

သြစတြေးလျနိုင်ငံက ဆယ်ကျော်သက်တွေဟာ ကိုယ်လုံးသေးသေးကွေးကွေး ရင်သွေးရဖို့အတွက် တမင်သက်သက် ဆေးလိပ်သောက်ကြကြောင်း လေ့လာမှုမှ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးတွေက ငယ်ရွယ်နုပျိုနေသေးတဲ့ သူတို့ခန္ဓာကိုယ်ဟာ သားဖွားမှု မလုပ်ဆောင်နိုင်မှာ စိုးရိမ်မှုတွေကြောင့် ကလေးပိုမိုသေးငယ်အောင် ရည်ရွယ်ချက်ရှိရှိ စီမံလုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေက "ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းက  သင့်ကလေး ကိုယ်အလေးချိန်သေးညှက်စေနိုင်" ဟု ဖော်ပြထားတဲ့ သြစတြေးလျနိုင်ငံထုတ်ဆေးလိပ်ကတ်ထူဘူးပေါ်က ကျန်းမာရေး သတိပေးချက်ကနေ စိတ်ကူး ရရှိခဲ့တာလို့ ဆိုပါတယ်။ ယင်းသတိပေးချက်ကြောင့် ဆေးလိပ်သောက် ရပ်မယ့်အစား မီးဖွားမှု ကြောက်လန့်ခြင်းကြောင့် ကလေးကိုယ်အလေးချိန် သေးစေဖို့ ကျင့်သုံးကြပါတယ်။

ကိုယ်ဝန်မဆောင်ခင် ဆေးလိပ်မသောက်တတ်သူတွေ ကိုယ်ဝန်ရပြီးနောက်  ဆေးသောက်တဲ့ အကျင့်လုပ်ဆောင်နေကြချိန်မှာ ဆေးလိပ်သောက်တတ်ပြီးသား တချို့ကတော့ သောက်သုံးမှုပမာဏ တိုးမြင့်လာကြပါတယ်။

Australian National University မှ လက်ထောက်ပါမောက္ခ Simone Dennis က ဘယ်လိုမှ မကျင့်သုံးသင့်သော ဆေးလိပ်သောက်ခြင်းက ရင်သွေးကိုယ်အလေးချိန်သေးညှက်စေနိုင် ဆိုတဲ့ ပြည်သူ့ကျန်းမာရေး သတိပေးချက်ကို ဖတ်ရှုမှတ်သားခဲ့ကြတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ 

Ref: Independent  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.