ပိုနီတေးဆံပင်စည်းတဲ့အခါ လုံးဝမလုပ်သင့်တဲ့အချက်တစ်ချက်

high-ponytail.jpg
သင့်ဆံပင်က ခေါင်းမလျှော်ရသေးတာမို့ စေးကပ်နေပြီ၊ ကြည့်မကောင်းတော့ဘူးလို့ ခံစားရရင် သင်လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဆံပင်အားလုံးကို ပိုနီတေးစုစည်းလိုက်တာမျိုးပေါ့။ ပိုနီတေးစည်းရတာလွယ်ကလည်းလွယ်၊ ကြည့်လို့လည်းကောင်းပြီး ဘယ်တော့မှလည်း ရိုးသွားမယ့်အရာမဟုတ်ဘူးနော်။
 
ဒါပေမယ့် ပိုနီတေးစည်းတဲ့အခါ သင်မဖြစ်မနေ သိရမယ့် အချက်တစ်ချက်တော့ ရှိနေပါတယ်။ အဲ့ဒါကတော့ ပိုနီတေးကို နေ့တိုင်း မစည်းသင့်ဘူးဆိုတာပါပဲ။ ဒီလွယ်ကူပြီး အထာကျတဲ့ ခေါင်းစည်းနည်းလေးဟာ သင့်ဆံပင်တွေကို တကယ် ပျက်စီးစေတယ်လို့ ပြောရင် သင်ယုံနိုင်မှာတောင် မဟုတ်ပါဘူး။  ဆံပင်တွေကို နေ့စဉ်နေ့တိုင်း အမြဲတမ်း အပြောင်းအလဲမရှိ အနောက်ဘက်ကို စုစည်းပြီး ချည်နှောင်ခြင်းဟာ သင့်ဆံပင်တွေကို အသားသေသွားအောင် လုပ်လိုက်သလိုဖြစ်ပြီး ဆံပင်မသန်စေတော့ပါဘူး။ သူက ဆံပင်သားသေအောင် လုပ်လိုက် သလို ဖြစ်သွားတတ်တာမို့ နေ့တိုင်းမစည်းမိဖို့တော့ သတိထားပါ။
 
ဒီတော့ မျက်နှာပေါ်ဆံပင်တွေကျလို့ အမြဲစည်းထားတယ်ဆိုရင်လည်း ဒီပြသနာကို ကလစ်လေးတွေနဲ့ သာ ဖြေရှင်းတာ ကောင်းပါတယ်။ ဒီတော့ ပိုနီတေးကို စည်းမယ်ဆိုရင် တစ်ပတ်ကို နှစ်ရက်လောက်သာ စည်းပေးပြီး အရမ်းတင်းနေအောင်လည်း မစည်းဖို့ သတိပေးပါရစေ။
 
Ref:shefinds
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.