ကိုယ့်လင်ယောက်ျားကို မပြောသင့်တဲ့ စကား ၆ ခွန်း

couple-arguing.jpg
အိမ်ထောင်ရေး ကမောက်ကမဖြစ်အောင် ဒါမှမဟုတ် သူရဲ့ဂုဏ်သရေကို ညှိနွမ်းစေတဲ့စကားကို မပြောမိပါစေနဲ့! တချို့စကားတွေကို မပြောဘဲထားတာ ပိုကောင်းပါတယ်။ ဒါကြောင်းမို့ နှတ်ထိမ်းပြီး နားဆင်ကြပါ အိမ်ရှင်မတို့ရေ။ သက်ဆုံးတိုင်ပျော်ရွှင်တဲ့ ဘဝခရီးကို လိုချင်တယ်ဆိုရင် ကိုယ့်လင်ယောက်ျားကို မပြောအပ်တဲ့ စကားလေးတွေကို မပြောမိအောင် ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။
 
၁။ ရှင်အဖိုးကြီးဖြစ်နေပြီ – ဒါမှမဟုတ် ကျမတို့အဖိုးကြီး၊ အဘွားကြီးဖြစ်နေပြီလို့ ပြောမယ့်အစား 
ပျင်းစရာကောင်းလိုက်တာ။ ညလုံးပေါက် အပြင်ထွက်သောက်စားတာတွေ မလုပ်ပါနဲ့တော့။ ရှင်ကစားနေကျ သူငယ်ချင်းတွေနဲ့ဘောလုံးအတူ သွားကစားပါလား။ စိတ်ပျိုတော့ ကိုယ်နုတာပေါ့ ရှင်ရယ် ဟုတ်တယ်မလား။ ဒါအပြင် ကလေးဆန်ဆန်အတွေးလေးတွေ ထည့်ပြောမယ်ဆိုရင် အမြဲတန်းသာယာစိုပြေတဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးကို ရရှိပါလိမ့်မယ်။
 
၂။  ဘီယာဗိုက်လို ပူနေတာကိုက ချစ်စရာလို့ ပြောမယ့်အစား
ဘီယာဗိုက်လေးလို ဆူဆူအိမ့်အိမ့်လေးက ဆွဲဆောင်စရာ ချစ်စရာ ကောင်းတယ်လို့ လူအများလက်ခံထားကြပေမဲ့ ကိုယ့်လင်ယောက်ျားက အဲလို လုံးဝထင်မှာ မဟုတ်ဘူး ။ ဒါကြောင်း သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်က စွဲမက်ဖွယ်ရာ ဒါမှမဟုတ် ရှင့်ကိုယ်လုံးကိုယ်ပေါက်ကို ကျွန်မအရမ်း သဘောကျတယ်လို့ ပြောပါ။ 
 
၃။ အမလေး ခေါင်းမွေးကျွတ်တော့မယ် – သူကိုထိခိုက်နာကျင်စေတဲ့ စကားတွေပြောမယ့်အစား
အမျိုးသားတွေဆံပင်ကျွတ် တဲ့အခါ အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါနာတတ်လို့ အဲ့အချိန်မှာ အဲ့အကြောင်းသွားမပြောမိပါစေနဲ့။ သူတို့မှာလည်း ခံစားချက်တွေရှိတယ်။
 
၎။ ရှင် [အကြိုက်ဆုံးအစာ ဒါမှမဟုတ် ယာမကာတစ်ခုထည့်ပါ] လိုချင်နေတာလားလို့ မေးမယ့်အစား
ကျန်းမာရေးနှင့်ကိုက်ညီတဲ့ အစားအစာတစ်ခု ကိုယ့်ဖက်ကလည်း ပြင်ဆင်မပေးခြင်း၊ အမှားသေးသေးတစ်ခုမှာ အပြိုင်အဆိုင်ဟစ်အော်ခြင်း၊ လူကြားသူကြားမှာ သူ့ကိုယ်လုံးကိုယ်ပေါက်အကြောင်း မကောင်းပြောတာဟာ ကောင်းတဲ့အရာတစ်ခုမဟုတ်ပါ။ ဒါဟာ အရှက်ရစရာဖြစ်တယ်။
 
၅။ ငါပဲ အကုန်လုပ်နေရတယ်လို့ ပြောမယ့်အစား 
မိန်းကလေး သင်ဟာအလုပ်အများဆုံးလူဖြစ်တယ်။ ကိုယ့်ယောကျာ်းက အိမ်မှုကိစ္စဘာမှကူ မလုပ်တဲ့အခါ အားလုံးငါ့အလုပ်တွေချည်းပဲလို့ ထင်မှတ်ရင်တောင်မှ အိမ်နီးအနားက အမှိုက်သရိုက်တွေကို စိတ်ပါကိုယ်ပါ အမြဲကောက်ယူတတ်သူဖြစ်တယ်။ ကိုယ့်ယောက်ျားက အိမ်မှုကိစ္စတွေကို ကူမလုပ်ပေးလို့ ဆူဆောင့်နေမဲ့အစား သူလုပ်ခဲ့ တဲ့ အရာလေးကိုတွေးပြီး ချီးချူးပြောဆိုလိုက်ရင် သိပ်မကြာခင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
 
၆။ ရှင် မ…ချင်ဘူးဆိုတာ သိတယ် ဒါပေမဲ့… အိုကေ ရတယ် ဘာမှသုံးစားမရတဲ့လူလို့ ပြောမယ့်အစား
သင့်စိတ်ထဲမှာ တွေးထားတာတွေ၊ ဖြစ်ချင်တာတွေဟာ သင့်ယောက်ျားစိတ်နဲ့ နည်းနည်းမှတူမှာမဟုတ်ဘူး။ ကိုယ်ဆန္ဒပြည့်ဝဖို့အတွက် ဒါမှမဟုတ် ချိုမြိန်တဲ့ စကားလေးတွေကို ပြန်ကြားရအောင် သင်ခိုင်းချင်တဲ့အရာကို လှပတဲ့စကားလုံးလေးနဲ့ ပြောဆိုပါ (ဆိုပါစို့ – "ရှင်နှင့်ကျမ ခွေးကလေးကိုခေါ်ပြီး ပန်းခြံကို သွားခဲ့တုန်းက ကျမအရမ်းပျော်တယ်သိလား။ မနက်ဖြန် လိုက်ပို့ပေးချင်လားဟင်..)။
 
Ref:brides
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.