ဦးနှောက်တစ်ခြမ်းတည်းနဲ့ နေလို့ရပါသလား

man-holding-brain-720x480.jpg
ဦးနှောက်မှာ အရွယ်အစားနဲ့ အလုပ်လုပ်ပုံ ဘယ်ဟာက ပိုပြီး အဓိကကျမယ်ထင်ပါသလဲ။ ဦးနှောက် အပြည့်မပါဘဲ တစ်ဝက်တည်းနဲ့ အသက်ရှင်နိုင်ပါသလား။ ဦးနှောက်ကျပ်မပြည့်ဘူးလို့ပြောတာက ဦးနှောက် အရွယ်သေးတာကို ပြောချင်တာလား၊ ဦးနှောက်ရဲ့ လုပ်ဆောင်ရမယ့်တာဝန်တွေကို အပြည့်အဝမထမ်းဆောင်နိုင်ဘူးဆိုတာကို ပြောချင်တာလား။
 
ဒီမေးခွန်းတွေရဲ့ အဖြေတွေကို သိနိုင်ဖို့အတွက် ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ အများကြီးရှိပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်အရွယ်အစားထက် သူရဲ့အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်က ပိုအရေးကြီးပါတယ်တဲ့။ ဦးနှောက်ကို အသုံးချပုံ ကွာခြားရင် ပြီးမြောက်တဲ့ အလုပ်ရဲ့ အရည်အသွေးကွာခြားသွားမှာဖြစ်ပြီး ဦးနှောက်အရွယ်အစားက အရေးမပါပါဘူးလို့ နောက်ဆုံးလေ့လာတွေ့ရှိမှုတွေက သက်သေပြထားပါတယ်။
 
ဦးနှောက်ရဲ့ အဓိက အစိတ်အပိုင်းတစ်ပိုင်းပါမလာဘဲ မွေးလာတဲ့ မိန်းကလေးတစ်ယောက်က ပုံမှန်ဘဝအတိုင်းပဲ ဖြတ်သန်းခဲ့ပြီး အထက်တန်းကျောင်းပြီးလို့ အိမ်ထောင်ပြု ကလေးတစ်ယောက်ရနေပြီဆိုတာကို ၂၀၁၄ ခုနှစ်က သိပ္ပံပညာရှင်တွေက လက်တွေ့လေ့လာခဲ့ကြပါတယ်။ အဲ့ဒီအမျိုးသမီးက အနည်းငယ်တုန်တုန်ရင်ရင် ဖြစ်တာကလွဲလို့ ကျန်တဲ့ ဦးနှောက်တစ်ခြမ်းမပါတာကြောင့် ကျန်တဲ့အားနည်းချက်များများစားစားမတွေ့ရပါဘူး။
 
ဆေးပညာဆိုင်ရာလေ့လာမှုတွေအရ ဦးနှောက်က အကြီးအကျယ်ထိခိုက်ဒဏ်ရာရခဲ့ပြီးရင်တောင် ပြန်ပြီး ထူးထူးခြားခြားကောင်းလာနိုင်သေးတယ်လို့ ဆိုပါတယ်။ ဦးနှောက်မှာပါတဲ့ မြောင်းလေးတွေအတွင်း ဘက်ကို နက်ရင် ကြာရှည်စွဲနေအောင် မှတ်နိုင်ပြီး မြောင်းလေးတွေများများပါရင်တော့ အကြောင်းအရာအများကြီးကို မမေ့အောင် မှတ်ထားနိုင်တယ်လို့ဆိုပါတယ်။
 
Ref:bbc
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.