ခြင်တွေ မောင်းထုတ်ပေးမယ့် အပင်များ

3e3a7eb5-9596-446c-8209-f6fb95373247.jpg
ပူနွေးတဲ့ နွေရာသီညတွေမှာ အနှောင့်အယှက်ပေးမယ့် ခြင်တွေကို မလိုလားပါက သင့်ဝရန်တာ၊ လာသာဆောင် သို့မဟုတ် ပြတင်းပေါက်က ဥယျာဉ်လေးထဲမှာ ဒီအပင်လေးတွေ စိုက်ပျိုးလိုက်ပါ။ 
 
၁။ ပင်စိမ်း
ခြင်ရန်ကနေ အကောင်းဆုံးကာကွယ်ပေးတာ ပင်စိမ်းပဲ ဖြစ်ပါတယ်။ ယင်းအပင်ဟာ နေရောင်ခြည်အလုံအလောက် ရရှိရန် လိုအပ်ပြီး ပုံမှန်ရှင်းလင်းမှုပြုလုပ်ပြီး အရွက်တွေ ထိန်းသိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီအပင်ဟာ အမျိုးမျိုးသော စားမြိန်ရည်နဲ့ အသုပ်တွေမှာ လိုက်ဖက်တဲ့ အရာလည်း ဖြစ်ပါတယ်။ 
 
၂။ ပူစီနံ 
ပူစီနံပင်က ထိန်းသိမ်းရ လွယ်ကူပြီး ပွားမြန်ပါတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဖုံးသွားမှာမို့ မြေကြီးပေါ်ကနေ တိုက်ရိုက်မဟုတ်ဘဲ ပန်းအိုလေးနဲ့ စိုက်သင့်ပါတယ်။ လတ်ဆတ်သင်းပျံ့တဲ့ သူ့အနံ့အသက်က ခြင်တွေကို မောင်းထုတ်ပေးပါလိမ့်မယ်။ 
 
၃။ လာဗင်ဒါပင်
သင့်ပန်းဥယျာဉ်လေးကို အားဖြည့် အလှတိုးစေသည့်အပြင် သူ့အနံ့အသက်ကြောင့် ခြင်နဲ့ တခြားအင်းဆက်ပိုးမွှားတွေ ကင်းဝေးသွားပါလိမ့်မယ်။ 
 
Ref:finelivingadvice
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.