ရုပ်မလှလို့ အလုပ်မရဘူးလို့ ထင်နေသူများအတွက်

trickywoman.jpg
လူတွေက တခြားအရာတွေထက် ရုပ်ရည်ကို ဦးစားပေးကြတယ်လို့ ယုံကြည်နေတဲ့ သူတွေအများကြီးရှိပါတယ်။ တကယ်တော့ သူတို့လည်း မမှားပါဘူး။ မီဒီယာတွေမှာဆိုရင်လည်း မင်းသမီးတစ်ယောက် မိတ်ကပ်မလိမ်းမပြင်မဆင်ဘဲအပြင်ထွက်လာရင် ဘာပုံမှမပေါက်ဘူးဆိုပြီးလှောင်ချင်ကြသလို မင်းသားတွေဆိုရင်လည်း ထိပ်ပြောင်လာတာကို ရယ်စရာလုပ်ပြီးပြောတတ်ကြတာသဘာဝပါ။
 
အလုပ်ခေါ်တဲ့အခါမှာလည်း အလုပ်တော်တော်များများက အရည်အချင်းထက် ရုပ်ချောတာကိုဦးစားပေးပြီးခေါ်တဲ့ အလုပ်တွေကိုလည်းထူးထူးခြားခြား ကြုံတွေ့ကြဖူးကြမှာပါ။ဗြိတိသျှ ဆေးပညာဂျာနယ်မှာပါတဲ့ လေ့လာမှုအသစ်အရ ဝတဲ့အမျိုးသမီးတွေနဲ့ အရပ်ပုတဲ့ အမျိုးသားတွေက လစာနည်းနည်းပဲ ရတတ်တာကိုတွေ့ရှိရပါတယ်တဲ့။
 
သုတေသီတွေကအရပ်နဲ့ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း(BMI) ကလူမှုစီးပွားအခြေအနေ ၅ ခုနဲ့ ဆက်စပ်နေတာကိုအတည်ပြုနိုင်ဖို့အတွက် လေ့လာခဲ့ကြပါတယ်။ လူပေါင်း ၁၁၉၆၆၉ ယောက်ရဲ့ အရပ်၊ကိုယ်အလေးချိန်နဲ့ သူတို့ရဲ့ အလုပ်အကိုင် လစာတွေကိုဆက်စပ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
 
သူတို့တွေ့ရှိခဲ့တာက ပုံမှန်ထက် ၂.၅ လက်မ အရပ်ပိုရှည်တဲ့ ယောက်ျားတွေကတစ်နှစ်ကို ၁၆၁၁ ဒေါ်လာပိုပြီးရှာနိုင်သလို ၁၂%ကျော်က လစာကောင်းတဲ့အလုပ်တွေရရှိပါတယ်တဲ့။ ကိုယ်အလေးချိန်ပုံမှန်ထက်များတဲ့ အမျိုးသမီးတွေကတစ်နှစ်ကိုသူများထက် ၄၂၀၀ ဒေါ်လာပိုနည်းတာကိုတွေ့ရှိခဲ့ကြပါတယ်။
 
` ဒီတွေ့ရှိမှုတွေအရ ရုပ်ရည်မလှပတဲ့ အမျိုးသမီးတွေကဝင်ငွေပိုနည်းပြီး အရပ်ရှည်ရှည်နဲ့ ဆွဲဆောင်မှုရှိတဲ့ယောက်ျားတွေက ဝင်ငွေပိုများတာကိုတွေ့ရှိရပါတယ်တဲ့။ ဒါပေမဲ့ ထူးခြားတဲ့ တွေ့ရှိမှုအရ လုပ်ခလစာများတာမများတာ ၊အလုပ်ခန့်တာမခန့်တာတွေက ရုပ်ချောလို့ ဆွဲဆောင်မှုရှိလို့ ဆိုတဲ့အချက်တွေကြောင့် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့စိတ်ကြောင့်ဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။
 
ယောက်ျားဖြစ်စေမိန်းမဖြစ်စေ ပုနေရင် ဝနေရင် ဒါမှမဟုတ် ကိုယ့်မှာ ချို့ယွင်းချက်ရှိတယ်လို့ ထင်နေရင် အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် မရှိကြပါဘူး၊ ဒါက အလုပ်မရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ အလုပ်ရှင်တွေက ရုပ်ဆိုးလို့ အလုပ်မခန့်တာ  မဟုတ်ဘဲ သူတို့ပေးတဲ့တာဝန်ကိုအောင်မြင်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့စိတ် မရှိတာကိုတွေ့ရတဲ့အတွက် မရွေးတာဖြစ်ပါတယ်။
 
ဒါကြောင့် အလုပ်တစ်ခုလျှောက်တဲ့အခါမှာ ရုပ်ရည်ကြောင့် အားငယ်နေတာထက် ကိုယ့်မှာရှိတဲ့ အရည်အချင်းကို ယုံကြည်မှုနဲ့ ပေါင်းပြီးအောင်မြင်အောင် ကြိုးစားချင်တယ်ဆိုတာကိုအလုပ်ရှင်သိအောင် ပြနိုင်ရင် အလုပ်တစ်ခုမလွဲမသွေရသလိုအောင်မြင်မှုကိုလည်းခံစားရနိုင်မှာ ဖြစ်ပါတယ်။
 
Ref:yourtango
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.